( 24 )

19.9K 2K 142
                                    

unicode

တားထားတဲ့စည်းထဲ တိုးမဝင်ရင်တောင် အပြင်က ငေးကြည့်ခွင့်တော့ ရှိသေးတယ်မလား။ သူ့အဖြစ်လည်း အဲဒီလိုပါပဲ။

customer များကို ပြုံးပြလိုက် လှုပ်ရှားလိုက်လုပ်နေတဲ့ ပုံရိပ်လေးတစ်ခုကို ထောင့်စားပွဲက ထိုင်ငေးရင်း အသစ်ရထားသော ခေါက်ဆွဲတွေလည်း အေးစက်၍ ပွကုန်ပြီ။ ဒီ ၁၅ ရက်အတွင်း သူခေါင်းစိုက်နေမိတာ သူ့ရဲ့အလုပ်တစ်ခုတည်းမှာ။ တစစနဲ့ အဆင်ပြေသွားမှာပါလို့ ကိုယ့်ကိုယ် ဖြေသိမ့်ခဲ့ပေမယ့် ခပ်လှမ်းလှမ်းမှ ပုံရိပ်လေးကို မြင်ချိန်မှာတော့ အဆင်ပြေမှာ မဟုတ်ဘူးလို့ ကိုယ့်ကိုယ် ခြိမ်းခြောက်မိပြန်သည်။

ဘဝတောက်လျှောက် အသက်ရှင်ရန် လုပ်ဆောင်လာခဲ့တဲ့ သူ့နှလုံးသားဟာ ရှင်သန်မှုအတွက်ကျ အဓိပ္ပါယ်မဲ့ခဲ့ရသည်။ ပျော်ရွှင်ခြင်းနဲ့ အလှမ်းဝေးတဲ့ နှလုံးသားလေးအတွက် ရှင်သန်မှုက ခြောက်ကပ်ကပ် နိူင်လွန်းသည်မလား။

ဒါပေမယ့် ဒီပုံရိပ်လေးကို မြင်ခဲ့ချိန်မှာ သူ့ရှင်သန်မှုက ပြည့်စုံလာမိခဲ့သလို။ ဒါကြောင့်လည်း ဖမ်းဆုပ်နိူင်လေမလား ရည်ရွယ်ဖူးခဲ့ပေမယ့် ဒီပုံရိပ်လေးကလည်း သူ့အတွက် ကျိန်စာတစ်ခုပဲ။

သူ့ကိုမုန်းတယ်လို့ ထပ်ပြောမယ့် ကျိန်စာတစ်ခု။ ကျိန်စာတွေ ထပ်မသင့်ချင်တော့ဘူး။ တည်ငြိမ်လက်စနဲ့ သူ့ဘဝ ဆက်တည်ငြိမ်မှာပဲ လိုလားမိသည်။

ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ဒီပုံရိပ်လေးကို အဆုံးထိ ထိုင်ငေးလိုက်တော့မယ်။ ထိုင်ငေးရုံနဲ့ အမုန်းကျိန်စာတော့ ထပ်မသင့်လောက်ပါဘူးလေ။

customer တွေပါးလာပြီဖြစ်ပေမယ့် ထောင့်စားပွဲမှာ ထိုင်နေတဲ့သူ တစ်ယောက်ကတော့ တစ်နာရီကျော် ကြာသည့်တိုင် ဖင်မရွေ့ဘဲ ထိုင်ကောင်းတုန်း။
ထိုင်နေသူရဲ့ စူးရှရှအကြည့်တွေကြောင့် ရှောင်းကျန့် နေရခက်လှပြီ။ သူ့အပေါ် စိုက်ကြည့်နေမှန်း သိပေမယ့် လှည့်လည်းမကြည့်ရဲ။

သူ့လက်အပူလောင်တာကို လုပ်ပေးပြီး ခေါက်ဆွဲထပ်စားဦးမယ်ဟု ဆိုသဖြင့် အသစ်လုပ်ပေးပြီး ချပေးထားရင်တောင် သခင်လေးက အရည်တစ်ဇွန်းတောင် မြည်းဖြစ်လား မသေချာချေ။

Something in the dark ( completed )Where stories live. Discover now