( 41 )

21.6K 2.1K 114
                                    

unicode

ရေချိုးခန်းထဲ ဝင်လာပြီးမှ ရိပေါ်က သူ့ကို bathtub ထဲမှာ ညင်သာစွာ ချပေးသည်။ သူ့မှာတော့ ခံစားချက်တွေ ရှုပ်ထွေးပြီး ချပေးသည့်နေရာမှာသာ ကျုံ့ကျုံ့လေး ထိုင်နေလိုက်မိသည်။

ရိပေါ်က bathtub ရဲ့ ရေထွက်ပေါက်ကိုပိတ်ကာ tap ကိုဖွင့်ချသည်။ သူ့ရဲ့ပုံစံကို ကြည့်ပြီး သူ ရှက်နေမှန်းကိုလည်း ရိပ်မိဟန်။

" အဲဒီလောက် ရှက်နေစရာမလိုပါဘူး အကုန်မြင်ပြီးပြီပဲကို "

ရိပေါ်ကပြောရင်း သူ့ရှေ့မှာ လာဝင်ထိုင်သည်။

ရိပေါ်ရဲ့ ခန္ဓာကိုယ်ကို သဘာဝအတိုင်း အနီးကပ်မျက်နှာချင်းဆိုင် မြင်ရတော့လည်း သူ့မှာ ရှက်ရပြန်သည်။ အရှက်​တရား​ဟော်​မုန်း​တွေဟာ သူ့ဆီမှာပဲ ပုံမှန်​ထက်​ လွန်​ကဲ​နေတာလား။

bathtub ထဲမှာ တဖြည်းဖြည်းပြည့်လျှံလာ​သော ​ရေ​နွေး​နွေးကြီးကို ခံစားရသည်​မှာလည်း စိတ်​ထဲ တစ်​မျိုးကြီး။

" ​ရေချိုးဆပ်​ပြာ​ရည်​​တွေကလည်း အကောင်းမရှိဘူး "

ရိ​ပေါ်က ဟိုတယ်​ဝန်​​ဆောင်​မှု လုပ်​​ပေးထားသည့် Shower cream ကို လက်​ဝါးတွင်​ထည့်​ရင်း မ​ကျေမနပ်​ဆိုသည်​။

" ​ရေချိုးခန်းထဲမှာ ceiling mount shower head ပါရင်​ ​ကောင်းမှာပဲ ဒါဆို နှစ်​​ယောက်​ ​အောက်​မှာခံပြီး ​အေး​ဆေးချိုးလိုက်​ရင်​ ရပြီ ဒီ standard bathtub က ​သေးလိုက်​တာ အားမရဘူး "

​ပြောရင်း သူ့လက်​ကို ဗြုန်းခနဲကိုင်​ပြီး ဆွဲလိုက်​ရာ သူ့မှာ ရိ​ပေါ်နားပို​ရောက်​သွားသည်​။

" မရှက်​ပါနဲ့​တော့ "

အသံ​လေးက ​တောင်းဆိုသံပုံစံပေမယ့် အားမရသံကလည်း ​ရောစွက်​​နေပြန်​သည်​။

သူလည်း ရှက်​ချင်​လို့ ရှက်​တာမှမဟုတ်​တာ။

ဒီအ​ခြေအ​နေကြီးကို အိပ်​မက်​အဖြစ်​ ​ပြောင်းလဲနိူင်​ခွင့်ရှိရင်​ ​ပြောင်းလဲဖြစ်​မည်​ထင်​သည်​။ လက်​ခံရက နည်းနည်းခက်​တုန်းပဲ။ gay bar သွားပြီး gay တစ်​​ယောက်​ ဟန်​​ဆောင်​ဖို့ ကြိုးစားရင်းမှ တကယ်​​ဂေးသွားတာက သူ့ရဲ့ဟန်​​ဆောင်​လိမ်​ညာမှု အတွက်​ ရလဒ်​တစ်​ခုပဲလား။

Something in the dark ( completed )Waar verhalen tot leven komen. Ontdek het nu