( 21 )

21.8K 1.9K 99
                                    

unicode

ရိပေါ်လုပ်ရပ်များကလည်း အဆုံးသတ်သွားသည့် အပြင် သူ့ဂုတ်ပေါ်က လက်မှာလည်း ပြန်ရုတ်သွားရာ သူ ချက်ချင်း ကုန်းထလိုက်တော့သည်။

ဒါပေမယ့် ခြေကျင်းဝတ်တွင်သာ ပုံကျနေသည့် ဘောင်းဘီကြောင့် ထွက်ပြေးဖို့တော့ အခွင့်မသာသေးပါ။ ရိပေါ်ကတော့ တစ်ခုခုကို ကြိတ်မှိတ်မျိုချထားသလို နှုတ်ခမ်းများက တင်းတင်းစေ့ပြီး မျက်လုံးများက ခပ်မှိုင်းမှိုင်းနှင့်။

" အဲဒီစကားကို မုန်းတယ် "

ခပ်တိုးတိုးနှင့် ရေရွတ်သံဆိုပေမယ့် ထိုစကားကို သူ သေချာကြားလိုက်သည်။ ထို့နောက် သခင်လေး မျက်ဝန်းထဲ ဝေ့ခနဲဖြစ်သွားသော မျက်ရည်စက်များကြောင့် သူ့ အမြင်များ မှားသွားလေသလား ထင်လိုက်မိသေးသည်။

သူ့အမြင်မမှားပါ။ အနည်းငယ် ရဲနေသော မျက်ဝန်းကို သခင်လေးက မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း ပြန်ထိန်းနေသည်လေ။

သခင်လေးရဲ့ မျက်ရည်ကို စက္ကန့်ပိုင်းမျှ မြင်လိုက်ရသော သူ့မှာ အံ့သြမှင်သက်မှုဖြင့် ငိုလက်စများတောင် ရပ်တန့်သွားတော့သည်။

ခံရသူက သူပေမယ့် သခင်လေးက ဘာလို့ထဝမ်းနည်းရတာလဲ။ ဘယ်စကားကို မုန်းတယ်လို့ ပြောတာလဲ။

သခင်လေးက သူ့မျက်နှာဆီ လက်တစ်ဖက် အသာရောက်လာပြီး ပိတ်ထားသောတိတ်ကို ဖြည်းညှင်းစွာ ခွာပေးသည်။

" နောက်လှည့် ကြိုးဖြေပေးမယ် "

အသံက မတိုးမကျယ်လေး။ ဒါပေမယ့် ရှတတ ဖြစ်နေပြန်သည်။ သူနောက်လှည့်ပေးပေမယ့် သခင်လေးက နက်ကတိုင် ချည်နှောင်မှုကို အရင်ပြန်မဖြေပေးဘဲ သူ့ဘောင်းဘီကိုသာ အရင်ပြန်ဝတ်ပေးလေသည်။

ရှက်ရွံ့မိပေမယ့် သူ ငြင်းဆိုရန် မစွမ်းသာတော့။

ဒီ ဘိုင်ပိုလာသည်လေးက သူ့ကို ရန်သူတစ်ယောက်လို အပြစ်ပေးလိုက်။ သားလေးတစ်ယောက်လို ဆက်ဆံလိုက် လုပ်နေတာပဲ။

ဘောင်းဘီဝတ်ပေးပြီးမှ ချည်နှောင်မှုကို ပြန်ဖြုတ်ပေးကာ သူ့လက်ကောက်ဝတ် နှစ်ဘက်ကို သေချာယူကြည့်သည်။

Something in the dark ( completed )Where stories live. Discover now