( 32 )

16.9K 2K 149
                                    

unicode

မရည်ရွယ်ဘဲ ဖြစ်သွားသည့် အဖြစ်အပျက်က နှစ်ရက်ကျော်လွန် ပြီးသည့်တိုင် စဉ်းစားမိတိုင်း အားခနဲဟု ရှောင်းကျန့် အော်ချင်မိတုန်း။

စဉ်းစားမိတိုင်း သူ့မျက်နှာမှာ ရေနွေးနဲ့ အပက်ခံရသလို နွေးခနဲ။

ရူးချင်တယ်။ ငါ ရူးချင်တယ်။ ကယ်ကြပါဦး။

တော်သေးသည်။ ရိပေါ်က ဆေးရှိန်နှင့် ဖြစ်ပျက်ခဲ့သမျှ အားလုံး မှတ်မိခဲ့ဟန်မတူ။ နှစ်ရက်ကြာသည့်တိုင် ဘာအဆက်အသွယ်မှ မလုပ်လာခဲ့။ ရိပေါ်သာ သိခဲ့ရင်တော့ သူလည်း မတွေးရဲတော့ချေ။

ရှောင်းကျန့်။ မင်း သိပ်ကိုရဲတင်းလွန်းတယ်။

မဟုတ်ဘူးလေ။ သူဒုက္ခရောက်နေလို့ ကူညီတာလေ။

ဒီနှစ်ရက်အတွင်း ကွဲပြားနေသော သူ့စိတ်နှစ်ခု နပန်းထလုံးနေတာနဲ့ သူ့မှာလည်း လုံးပါးပါး တော့မည်။

" ဒီနေ့ Warriors ကို public ပေါ် စဖြန့်တာ ခြောက်နှစ်ပြည့်နေ့တဲ့ အဲဒါကြောင့် Warriors က အထူးအစီစဉ်တွေ လုပ်မယ်လို့ ပြောတယ် "

ဘေးနားက ပြောသံကြောင့် ကိုယ့်အတွေးများနှင့် ကိုယ် ခေါင်းငုံ့နေသော သူ တစ်ချက်တော့ ခေါင်းထောင်ကြည့်ဖြစ်သည်။

ဘာအစီစဉ်တွေ လုပ်ပေးမလို့လဲ။

" ဟို မျက်နှာကြောတင်းလေး ရောက်နေတယ်မလား "

" အေး ခြောက်နှစ်ပြည့်နေ့မှာ ယူဟိုင်က ဝန်ထမ်းအားလုံး နေ့လည်စာကျွေးမလို့ လာတာတဲ့ "

ကြားနေရသော စကားသံများကြောင့် ရှောင်းကျန့် မစပ်စုဘဲ မနေနိုင်တော့။

" ဘယ်သူလာတာလဲ "

" ဝမ်အတွင်းရေးမှူးလေ "

ဖြေသံက ရိုးရှင်းပေမယ့် သူ့ရင်ထဲမှာတော့ ဒိန်းခနဲ။

ရိပေါ်ရောက်နေတာလား။ ဘယ်အချိန်က ရောက်နေမှန်းတောင် မသိလိုက်ရပါလား။

" ရောက်တာ ကြာပြီလား "

မေးပြီးမှ သူဘာလို့ သိချင်ရတာလဲဟု အဖြေရှာမရစွာ စဉ်းစားမိသည်။

Something in the dark ( completed )Where stories live. Discover now