( 62 )

14.3K 2K 195
                                    

unicode

ဒီနေ့ရဲ့မနက်ကတော့ နွေဦးရာသီရောက်နေပြီ ဆိုပေမယ့် နည်းနည်းအအေးပိုသည်ဟု ဆိုရမည်။ သူ့ကိုဖက်လျက်သား အိပ်ပျော်နေသော ရိပေါ်ရဲ့နဖူးကို ခပ်ဖွဖွအနမ်းပေးပြီးမှ ရှောင်းကျန့် ထထိုင်လိုက်သည်။

ဟိုတစ်ပတ်က မွေးစားအမေနှင့် တွေ့ခဲ့သည့်ကိစ္စကြောင့် ရိပေါ်အိပ်မက်ဆိုးများ မက်လေမလားစိတ်နဲ့ စောင့်ကြည့်ခဲ့ပေမယ့် ရိပေါ်က တစ်ပတ်လုံး နှစ်ခြိုက်စွာသာ အိပ်ပျော်ခဲ့သည်။ insomnia ရှိသည်ဟု ဆိုခဲ့ပေမယ့် သူနဲ့အတူနေခဲ့သည့် ဒီရက်တွေအတွင်း ရိပေါ်က ထူးထူးခြားခြား အိပ်မပျော်ဘဲ ဖြစ်နေသည်ကိုတော့ သိပ်မတွေ့ရ။

ရှုလုဟွာနဲ့ဆုံခဲ့သည့် နေ့ကသာလျှင် အိပ်ရာဝင်နောက်ကျခဲ့သည်။ အတူ သောက်ပေးပါဆိုလို့ ဝိုင်တစ်ခွက်တောင် သောက်ပေးလိုက်ရသေးသည်။ ရိပေါ်  အိပ်ပျော်ရန်ခက်တာ အဲဒီနေ့ တစ်နေ့တည်းပါပဲ။

ရိပေါ်က ကိုယ့်ကိုဘယ်လောက်ထိ သန်မာမှန်းမသိဘဲ ကြောက်နေခဲ့တာပါ။ မတွေ့ခင်က စိုးရိမ်နေခဲ့ပေမယ့် တွေ့လိုက်တော့လည်း ဘာမှမဖြစ်တာကို အခု လက်တွေ့မြင်လိုက် ရပြီပဲ။

သူတွေးရင်း ကုတင်ပေါ်က မဆင်းခင်မှာပဲ ရိပေါ် မျက်လုံးပွင့်လာခဲ့ပြီး တစ်ချက်သမ်းသည်။ 

" အရင်နိုးတာ ကျွန်တော့်ကိုတောင် မစောင့်တော့ဘူးလား "

မကျေနပ်သံလေးနဲ့ပြောရင်း ထုံးစံအတိုင်း ထထိုင်လာကာ သူ့ကိုဖက်ပြီး ကျောပြင်တွင် မျက်နှာအပ်သည်။

" ဒီ​နေ့လည်း အိမ်မှာပဲကျန်ခဲ့မလား ရှောင်းကျန့် "

" အင်း အလုပ်တကယ်လုပ်ရမှပဲ လိုက်ခဲ့တော့မယ် ဒီအတိုင်းလိုက်နေရင် သူများအာရုံနောက်စရာ ဖြစ်လာဦးမယ် "

" အဲဒီ သူများ သူများ ဆိုတာတွေကို ကောက သိပ်စဉ်းစားတာပဲ ဒီအတိုင်းပဲ လိုက်ချင်ရင်လိုက်မယ် မလိုက်ချင်ရင် မလိုက်ဘူး လုပ်လို့မရဘူးလား "

" ယူဟိုင်ကထွက်ရင် အလုပ်ပေးမယ်ဆိုပြီး အခုထိ မပေးဘူး "

" ဒီအတိုင်း ကျွန်တော့်နားမှာ ထိုင်နေပေးတာက အလုပ်ပါပဲဆို လစာက ကျွန်တော်ပိုင်ဆိုင်သမျှ ကြိုက်သလောက်သုံးခွင့် ပေးထားပြီကို "

Something in the dark ( completed )Where stories live. Discover now