( 40 ) ⚠

25.9K 2K 90
                                    

unicode

ကိစ္စပြီးပြီး နာရီဝက်လောက် ကြာသွားသည့်တိုင် ရှောင်းကျန့်က သူ့ကိုကျောပေး၍သာ လှဲနေသည်။ ကိုယ်ပေါ်ခြုံထားသည့် စောင်ကလည်း ကျောလယ်လောက်သာ ရှိရာ ရှောင်းကျန့်ရဲ့ အပေါ်ပိုင်း ပခုံးနှင့်ကျောသား တစ်ချို့တစ်ဝက်ရဲ့ အလှမှာ ဖုံးဖိမရအောင် ရှင်းလင်းနေသည်။

ဖြူဝင်းဝင်း ချောမွေ့မွေ့နှင့် ထိုပခုံးသားလေးများကို သူ ထပ်ကိုက်ချင်ပေမယ့် ပခုံးပိုင်ရှင်လေးကို အနားတော့ ပေးသင့်သည်မလား။

ဆန္ဒများပြည့်ဝသွား၍ သူ့စိတ်တွေက အတော်အတန် တည်ငြိမ်သွားပြီဟု ဆိုရမည်။ ကိစ္စပြီးသွားမှ ဒေါသလည်း မထွက်ဘဲ ငြိမ်သက်နေသည့် ရှောင်းကျန့်ကို သူ ဘယ်က စပြောရမယ်မှန်းလည်း မသိတော့။

တစ်ခုတော့ ကြောက်မိသည်။ သူ့ကိုမုန်းတယ်လို့ ထိုလူသားလေးနှုတ်က ထပ်ဆိုလာမှာတော့ ကြောက်မိသည်။ ဒါပေမယ့် ရှောင်းကျန့်က သူ့ကိုစကား တစ်ခွန်းမှ မပြောသေးပါ။

နောက်ဆုံး သူ မခံနိုင်တော့၍ ဖြူမွေ့မွေ့ ပခုံးသားလေးကို နောက်ကနေ လက်တစ်ဖက်ဖြင့် အသာဆုပ်ကိုင်လိုက်ရာ ပခုံးပိုင်ရှင်လေးရဲ့ ကိုယ်က ဆတ်ခနဲတစ်ချက် တုန်သွားလေသည်။

" ဒီလိုပဲ လှဲနေတော့မှာလား "

နောက်ကျောကနေ သူ့ပခုံးကို ကိုင်ပြီး မေးလာသည့် သခင်လေးရဲ့လေသံက နူးညံ့လွန်းသည်။

တကယ်တော့ သူ ဘာဆက်လုပ်ရမှန်း မသိခြင်းပင်။ ရှက်လွန်း၍ သခင်လေးမျက်နှာလည်း မကြည့်ရဲရာ ကျောပေး၍သာ လှဲနေမိသည်။

သူဘာမှ ပြန်မဖြေမိတော့ သခင်လေးက သူ့နား ပိုတိုးကပ်လာသည်။ ပခုံးပေါ်တင်ထားသော လက်က လျှောဆင်းကာ စောင်အောက်ကို လျှိုဝင်၍ သူ့ခါးပေါ်မှာ အဆုံးသတ်သည်။

သူ့ခါးကို လာဖက်ခြင်းပဲ။

ပြီးတော့ သူ့ပခုံးသားပေါ်ကိုတော့ ခပ်နွေးနွေး အနမ်းတစ်ခုက ကျရောက်လာသည်။ သူ့မှာသာ ဘယ်လိုတုံ့ပြန်ရမလဲ မသိပေမယ့် ရင်ထဲတရှိန်းရှိန်းနှင့်။

ရှောင်းကျန့်ကို ထပ်နမ်းလိုက်ပေမယ့် မရုန်းသဖြင့် သူ့စိတ်ထဲ ကျေနပ်မိသည်။ ရှောင်းကျန့်ဟာ ကိုယ်ခန္ဓာကသာ ရှည်မျောမျောလေး ဖြစ်နေတာ။ ကိုယ်ခန္ဓာပေါ်ရှိ အစိတ်အပိုင်းအားလုံးက သူ့ထက် သေးသွယ်သည့် လူသားလေး။

Something in the dark ( completed )Where stories live. Discover now