All about SITD

14.1K 1.5K 298
                                    


ဒီဟာကတော့ SITD နဲ့ ပတ်သက်သမျှ အမှတ်တရတွေနဲ့ ပြောချင်ခဲ့တာတွေ အားလုံးပါ။

SE အသွားအလာတွေ အများကြီးဖြစ်ပြီးမှ ဘာကြောင့် HE တာလဲ။

တကယ်တော့ ဒီ Fic အစပိုင်း နည်းနည်းလေးမှာ ကတည်းက HE ဆိုတာကို ဖြေခဲ့ဖူးပါတယ်။ နောက်ပိုင်းကျတော့ HE or SE သေချာမသိဘဲ ခန့်မှန်းဖတ်ရတာက ပိုကောင်းမယ်ထင်လို့ မဖြေဖြစ်ခဲ့တော့တာပါ။

SE ဖြစ်စေချင်တာကို နားလည်ပေမယ့် SE လုပ်လိုက်ရင် ဇာတ်ကအရမ်းနာ သွားမှာပါ။ ရိပေါ်ဘက်က ကြည့်ရင် ငယ်ငယ်ကတည်းကနေ နာကျင်ခဲ့ရတယ်။ ရှောင်းကျန့်နဲ့ အဆင်ပြေချိန်မှာ ခဏလေးပဲ ပျော်ခွင့်ပေးပြီး အပြီးတိုင်ခွဲပစ်လိုက်ရင် အစကတည်းက အထီးကျန်ခဲ့တဲ့ သူအပေါ်  ပိုရက်စက်ရာ ရောက်တယ်လို့ ထင်မိတယ်။

ရှောင်းကျန့်ဘက်က ကြည့်ရင်လည်း ပိုဆိုးပါတယ်။ ဇာတ်လမ်းစကတည်းက အဆင်မပြေခဲ့ဘူး။ ကြောက်တဲ့အချိန်တုန်းကလည်း ရိပေါ်လက်ကနေ မလွတ်ခဲ့ဘူး။ ချစ်လာမိတဲ့ အချိန်မှာလည်း သူကိုယ်တိုင် မကျူးလွန်ခဲ့တဲ့ အမှားတစ်ခုကြောင့် ခံစားခဲ့ရတယ်။ အားလုံးကို အဆင်ပြေအောင် လုပ်ဖို့ စိတ်ရှိခဲ့ပေမယ့် ချစ်တဲ့သူရဲ့ အမျက်ရှမှုကိုပဲ ခံလိုက်ရတယ်။ ရိပေါ်နဲ့သာ လုံးဝခွဲပစ်လိုက်ရင် ရှောင်းကျန့်က ဒီဇာတ်လမ်းအတွက် နာကျင်စရာအကောင်းဆုံး character  ဖြစ်သွားမှာပါ။ ပြီးတော့ နားလည်မှုအကြောင်းကို ရေးချင်တဲ့ ရည်ရွယ်ချက်လည်း ပျောက်သွားမှာပါ။

အဲဒီလို တွေးမိတာကြောင့် SE မလုပ်နိူင်ခဲ့ပါဘူး။ Sad ending ကြိုက်တဲ့သူတွေ ဆန္ဒထပ်တူ မကျခဲ့ပေမယ့် နားလည်ပေးနိူင်မယ်လို့ ထင်ပါတယ်။

အပိုင်းတွေ ရှည်ရခြင်းအကြောင်း

ဒါကတော့ အစကတည်းက ရှင်းပြဖို့ စိတ်ရှိခဲ့ပေမယ့် မလုပ်ဖြစ်ခဲ့တာပါ။

သတိထားမိခဲ့လားတော့ မသိဘူး။ ဇာတ်လမ်းက ပြီးသွားမယ့်ပုံစံနဲ့ ပြန်ရှည်သွားတာ။ သတိထားမိခဲ့တယ် ဆိုရင်တော့ ဝမ်းသာပါတယ်။ Season ( 1 ) ရဲ့အဆုံးသတ်ကို ရိပ်မိခဲ့လို့ပါ။

ဟုတ်ပါတယ်။ Season နှစ်ခုလုံး ပေါင်းရေးပစ်လိုက်တာပါ။ Season ( 1 ) ကတော့ သူတို့နှစ်ယောက် ချစ်လာဖို့ ဦးစားပေးရေးခဲ့ပြီး S2 မှာတော့ ပြဿနာတွေ အကုန်ရှင်းပြီး အချစ်မှာ အပြစ်အနာအဆာ ရှိလာခဲ့ရင်တောင် နားလည်မှုနဲ့ ပြီးပြည့်စုံရမယ့် အကြောင်းကို ရေးခဲ့တာပါ။

Something in the dark ( completed )Where stories live. Discover now