( 66 )

13.3K 2K 209
                                    

unicode

သူ့စကားကို ဂရုမစိုက်ဘဲ ထွက်သွားသောရှောင်းကျန့်ရဲ့ ကျောပြင်ကို မြင်ရတာက ရိပေါ်ရင်ထဲ ဒေါသနဲ့ဝမ်းနည်းမှုကို ရောနှောစေသည်။ ကျွန်တော်ကြောက်တယ်ကော မသွားနဲ့ဟု ကလေးတစ်ယောက်လို ပူဆာတားဆီးချင်ပေမယ့် သူ့နှုတ်က စကားလုံးများက ထွက်ကျမလာခဲ့။ သူက သူဖြစ်ချင်သည်ကို အမိန့်ပေးပြီး တားဆီးတတ်တာက လွဲလို့ ကလေးတစ်ယောက်လို ချွဲနွဲ့တောင်းတတ်ခဲ့သူမှ မဟုတ်ဘဲ။

သူ့ဘေးနားမှာရှိဖို့ကို ပထမဦးစားပေးအနေနဲ့ ဘယ်တော့မှ မရွေးချယ်တတ်သော ရှောင်းကျန့်က အခုလည်း ထွက်သွားဖို့ကို တွေဝေမနေခဲ့။ အခြေအနေသိရသည်နှင့် ချက်ချင်း သွားကိုသွားရမည်ဆိုသော ဆုံးဖြတ်ချက်ကိုသာ ရှောင်းကျန့်က အတည်ယူခဲ့သည်။

လွီဖေးနှင့်ပတ်သက်သည့် အခြေအနေ အားလုံးကို သူရှင်းပြခဲ့ရက်သားနဲ့ အဲဒီစကားလုံးတွေဟာ ရှောင်းကျန့်အတွက် အကျိုးသက်ရောက်ခြင်း ရှိခဲ့ပုံမရချေ။ သူ့အမြင်မှာတော့ ရှောင်းကျန့်ဟာ မကောင်းတဲ့လူတစ်ယောက်ကိုတောင် တွယ်တာလွန်းနေသည် ဆိုတာပဲ။

လွီဖေးရဲ့ အကြောင်းကိုသိရရင် သူတို့နှစ်ယောက်အနာဂတ်ကို ဖျက်ဆီးမတတ် လုပ်ခဲ့တဲ့မိန်းကလေးဆိုပြီး ရှောင်းကျန့်ဒေါသ ထွက်လိမ့်မည်ဟု သူထင်မှတ်ခဲ့သည်။ တကယ်လည်း ဒါဟာဒေါသထွက်သင့်သည့် ကိစ္စတစ်ခုပါပဲ။ ဒါပေမယ့် အဲဒီဒေါသအစား လွီဖေးကို ကယ်ဆယ်ဖို့အတွက် သူလိုအပ်ပါတယ်ဆိုသော စကားကိုတောင် ရှောင်းကျန့်က လျစ်လျူရှုသွားခဲ့သည်။

သူတို့နှစ်ယောက်ကြား ဘာတွေက လွဲမှားနေခဲ့တာလဲ။

စဉ်းစားရင်း မရည်ရွယ်ခင်မှာပဲ မျက်ရည်တစ်စက် ကြွေဆင်းသွားတော့ သူ အလျင်အမြန်သုတ်ပြီး နောက်ထပ်မျက်ရည်တွေကို ထိန်းမိသည်။

ဘာလို့ မျက်ရည်ကျလာမှန်း သူ့ကိုယ်သူမသိဘူးဟု ဆိုလျှင် အရူးလိုပဲဟု ဆိုကြလေမလား။

ဘာကြောင့်အားနည်သူ တစ်ယောက်လို မျက်ရည်ကျချင်လာမှန်း သူ တကယ်လည်း အဖြေမထုတ်နိူင်ချေ။ ရှောင်းကျန့်က ခဏနေပြန်လာခဲ့မှာပါ ဟုပြောခဲ့ရင်တောင် ရှောင်းကျန့်က သူ့ကိုမရွေးချယ်ခဲ့ဘူးဆိုသော သူ့ရဲ့တစ်ဖက်သတ်အတွေးက နာကျင်ရလို့များလား။

Something in the dark ( completed )Where stories live. Discover now