( 64 )

13.7K 2.1K 83
                                    

unicode

သူအခန်းထဲဝင်လာတော့ ရိပေါ်က ကုတင်ပေါ်ငြိမ်သက်စွာ တစောင်းလှဲနေလေသည်။ သူစိတ်ထိခိုက်နေသလောက် ရိပေါ်လည်း စိတ်အခြေအနေကောင်းပုံမရ။

အေးလေ။ ဒီအခြေအနေဟာ နှစ်သက်စရာတစ်စက်မှ မရှိဘဲ။

သူကုတင်ပေါ်တက်လာသည့်တိုင် ရိပေါ်က အရင်နေ့များကဲ့သို့ ပွတ်သီးပွတ်သပ် လာမလုပ်သည့်အပြင် လှည့်တောင်မကြည့်။ သူလည်း ဘာမှမပြောတော့ဘဲ ရိပေါ်ကိုကျောခိုင်းကာ တစောင်းလှဲလိုက်သည်။

မျက်တောင်ခတ်မိတော့ ရည်ရွယ်ချက်မရှိဘဲ မျက်ဝန်းများက စိုစွတ်လာမိသည်။ သူ့စိတ်တွေလည်း အတွေးနဲ့ပင် မွန်းကျပ်နေသည်မို့ မျက်ဝန်းမှတစ်ဆင့် ထွက်ပေါက်ရှာချင်ကြသည် ထင်ပါရဲ့။

" ကော အိပ်ပြီလား "

ခပ်တိုးတိုးလေးမေးပြီး သူ့ခါးကိုနောက်ကနေ ပွေ့ဖက်လာသည့် ရိပေါ်ကြောင့် ရိပေါ်မအိပ်သေးဘဲ သူ့ကိုလည်း လျစ်လျူရှုပြီး မနေနိူင်ကြောင်း သိလိုက်သည်။

" တောင်းပန်ပါတယ် ရိပေါ်  "

အခုချိန်မှာ ရိပေါ်စကားပြောလာတိုင်း တောင်းပန်ပါတယ် ဆိုတာကလွဲလို့ သူဘာမှမပြောတတ်တော့။ သူ့ရဲ့လုပ်ရပ်ဟာ ရိပေါ်ကို နာကျင်စေသည်ဟု ခံစားရတာကြောင့် တကယ်ကို လှိုက်လှိုက်လှလှဲ တောင်းပန်ချင်မိသည်။

" ရပါတယ် မတောင်းပန်နဲ့တော့ ပြန်စဉ်းစားကြည့်ရင် ကောအမှားလည်း မဟုတ်ဘူး အားလုံးဟာ မရည်ရွယ်ဘဲ ဖြစ်သွားခဲ့တာ ကျွန်တော်ဖြေရှင်းပေးနိုင်တဲ့ ဘောင်ထက်ကျော်လွန်သွားတာပဲ စိတ်မကောင်းဖြစ်တယ် "

သူ့စိတ်မကောင်း ဖြစ်နေသည့်အတိုင်း ရှောင်းကျန့်စိတ်လည်း ထိခိုက်နေပုံရသဖြင့် ရိပေါ်အပြစ်မဆိုချင်တော့ပါ။ အမှားတစ်ခုကို မရည်ရွယ်ဘဲ ကျူးလွန်မိပြီး နောင်တရနေသည့် ရှောင်းကျန့်ကို သူ့ကြောင့် ပိုဝမ်းမနည်းစေချင်မိ။

" ငါ အဲဒီနေ့က စိတ်လွတ်ကိုယ်လွတ် မသောက်မိခဲ့ရင် ကောင်းမှာပဲ . . ငါ မင်းနဲ့ ဒိန်းမတ်ကို လိုက်ခဲ့သင့်တာ . . "

Something in the dark ( completed )Where stories live. Discover now