( 52 )

17.2K 2.2K 347
                                    

unicode

သူနဲ့သိပ်​မစိမ်း​သေး​သော ​ရေချိုးခန်းက ​ပြောင်းလဲမှုမရှိ။

ဒီရေချိုးခန်းထဲမှာ တစ်ချိန်က အင်္ကျီချွတ်ခံရမည်ကို မျက်ရည်ကျခဲ့တဲ့ သူက အခုတော့ ဘာအဝတ်အစားမှ မပါဘဲ လက်ထိပ်ခတ် ခံထားရပေမယ့် မျက်ရည်ကျမလာခဲ့တော့။ 

ဒါဟာ နတ်ဆိုးလေးနဲ့သူ့ကြားက သိသိသာသာ ပြောင်းလဲမှုတစ်ခု ဆိုရမလား။ ဝမ်းမနည်းတော့ပေမယ့် ရှက်တော့ရှက်တုန်းပါပဲ။

ရိပေါ်က ရေချိုးခန်းတံခါးကို ပြန်ပိတ်လိုက်ပြီး glass partition ရေချိုးခန်းသို့သာ မေးဆတ်ညွှန်ပြသည်။ ရေချိုးခန်းထဲမှာ bathtub ရော glass partition ရော ပါပေမယ့် ဒီတစ်ခါတော့ ရိပေါ်က သူ့ကို glass partition မှာသာ ချိုးစေချင်ပုံရသည်။

" အဲဒီမှာ သွားချိုး "

သူ့ကို လက်ထိပ်ခတ်ထားပြီး တစ်ယောက်တည်း ချိုးခိုင်းတာပဲ။ ဒါဟာလည်း လိမ်ညာခဲ့မှုအတွက် အပြစ်ဒဏ်ပေးခြင်း တစ်မျိုးပဲလား။

ရိပေါ်က shower gel ဘူးနဲ့ shampoo ဘူးကို သူ့လက်ထဲ ယူထည့်ပေးသည်။

" ခေါင်းပါလျှော်ခဲ့ "

" လက်ထိပ်ကြီးနဲ့ ငါ . . . "

" ဆယ့်ငါးမိနစ်အချိန်ပေးမယ် မပြီးရင် ဒီတစ်ညလုံး ခင်ဗျားကို အဝတ်ပေးမဝတ်ဘူး ဒီအတိုင်းပဲ ထားထားမယ် . . . အချိန်စပြီ "

နတ်ဆိုးလေးက လက်ပတ်နာရီ ငုံ့ကြည့်ရင်း အချိန်စမှတ်လိုက်လေပြီ။ သူလည်း သက်ပြင်းသာချမိတော့သည်။

တစ်နေ့နေ့မှာ ရိပေါ်ကို ဒီလိုမျိုးပြန်လုပ်နိူင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။

လောလောစဉ်တော့ သူသာ အလုပ်ခံနေရသည်။

glass partition ထဲဝင်လာပြီး rain shower head ကို ဖွင့်ချိုးလိုက်တော့သည်။ လက်ကသေချာ မလုပ်ရှားနိူင်ပေမယ့် ရေတော့ အားမရတရ ချိုးနိုင်သေးသည်။

သူရေချိုးရင်း ရိပေါ်ဘက်ကို လှည့်ကြည့်မိတော့ ရိပေါ်က လက်ဆေးဘေစင်ကို မှီရင်းသူ့ကို ခပ်တည်တည် အေးဆေး စိုက်ကြည့်နေသည်။ သူ ရေချိုးနေတာကို စိတ်ဝင်စားဖွယ် မြင်ကွင်းတစ်ခုလို စိုက်ကြည့်နေခြင်းပင်။

Something in the dark ( completed )Donde viven las historias. Descúbrelo ahora