( 55 )

15.9K 2.3K 157
                                    

unicode

ရိပေါ်ကတော့ Warriors Wang ဖြစ်ကြောင်း လျှို့ဝှက်ချက်ကို ဝန်ခံပြီး ခုံပေါ်က ပန်းချီကားများကို ပြန်သိမ်းဆည်းနေသည်။

သူ့မှာသာ ဆက်နွယ်လွန်းသော အခြေအနေများကြောင့် ဒီအခြေအနေကို အိပ်မက်ဟုသာ ထင်မှတ်ချင်လာသည်။

" ကျွန်တော်တို့နှစ်ယောက်ကို ကံကြမ္မာက ရွေးချယ်ပြီးသားထင်တယ် "

" ဟင် "

" လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက ပေးဆုံစေခဲ့ပြီး Des bar မှာလည်း ပြန်ဆုံစေခဲ့တယ် "

Des bar အကြောင်းပြောတော့ သူ နည်းနည်းတော့ ရှက်ရွံ့သလို ဖြစ်မိသည်။ ကောင်လေးက ဖြူဖြူဖွေးဖွေးလေးနဲ့ uke type လေးပါဆိုပြီး တစ်ခေါက်အရဲစွန့်မိတာ သူ့ဘဝနဲ့ ရင်းပြီး အမှားလုပ်သလို ဖြစ်မိသွားခဲ့တယ်မလား။

ဒါပေမယ့် အဲဒီအမှားကတော့ အခုချိန်မှာ အကောင်းဆုံးအမှားတစ်ခု ဖြစ်လာခဲ့ပြီ။

" ကျွန်တော့်ပထမဆုံး အနမ်းကို ခင်ဗျား ခိုးယူသွားတာ ခင်ဗျားပထမဆုံးအကြိမ်ကိုလည်း ကျွန်တော် ပြန်ရမှ ကျေနပ်မှာ "

ရိပေါ်က အဲဒီတုန်းကပုံစံအတိုင်း ပြုံးစစနဲ့ ပြန်ရေရွတ်ပြရာ သူ့ရဲ့အရှက်သည်းမှုက နည်းနည်းပိုမြင့်သွားရသည်။

" တော်ပါတော့ "

သူပြောရင်း ရိပေါ်ပခုံးကို မနာအောင် ခပ်ဖွဖွတစ်ချက် ထိုးမိသည်။

ရိပေါ်ကတော့ သူ့အရှက်သည်းမှုကို သဘောကျစွာဖြင့် ပိုပြုံးရင်း ပန်းချီကားများကို အံဆွဲထဲတွင် ပြန်ထည့်သိမ်းလိုက်သည်။

" တကယ်တော့ အဲဒီတုန်းက တကယ်ဒေါသ ထွက်လို့ အပြစ်ပေးချင်တာ မဟုတ်ခဲ့ဘူးနဲ့တူတယ် "

" ဒေါသထွက်လို့ လုပ်တာမဟုတ်ရင် တခြားအကြောင်း ရှိသေးလို့လား "

အခုချိန်မှာ တခြားအကြောင်း ရှိခဲ့တယ်ဆိုရင်တော့ သူ သိချင်မိသည်။

" အင်း ကျွန်တော်က သူများတံထွေးဆို အရမ်းရွံ့တဲ့ကောင် အဲဒါကြောင့် တစ်ခါမှ နမ်းဖို့ စိတ်မရောက်ဘူး ဒါပေမယ့် အဲဒီနေ့က ခင်ဗျားက ဗြုန်းစားကြီး လာနမ်းတာလေ ရှောင်ချိန်မရလိုက်ဘူး ဒါပေမယ့် နမ်းပြီးသွားတော့ ရွံ့မယ့်အစား ခံစားချက်က တော်တော်ကောင်းတာ "

Something in the dark ( completed )Opowieści tętniące życiem. Odkryj je teraz