( 39 ) ⚠

29.3K 2.1K 211
                                    

unicode

ဟိုတယ်​ပြန်​​ရောက်​သည်​နှင့် reception မှာ ​အခန်းတံခါးဖွင့်ရန်​ ​သော့ထပ်​​တောင်းလိုက်​ရ​သေးသည်​။

" အခန်း​ဖော်​ဆီမှာ ​သော့ပါသွားတယ်​ သူ့ကို ဆက်​သွယ်​လို့မရဘူး အခု အ​ရေးကြီးကိစ္စ​ကြောင့် ​ပေကျင်း ပြန်​ရ​တော့မှာ ဖြစ်​လို့ ပစ္စည်းသိမ်းချင်​လို့ပါ "

ဝန်​ထမ်းမ​လေးက မန်​​နေဂျာကို ချက်​ချင်းဆက်​သွယ်​ပြီး အကျိုးအ​ကြောင်း ​ပြောပြသည်​။ မန်​​နေဂျာကလည်း သူ့ကိုမှတ်​မိပုံပင်​။ ​သော့အလွယ်​တကူ ထုတ်​​ပေးလိုက်​သည်​။

အခန်းထဲ​ရောက်​မှ မနက်​က ​ရေချိုးခန်းထဲမှာ ထားခဲ့​သော သူ့အဝတ်​အစားများကို luggage ထဲ ပြန်​​ပြောင်းထည့်သည်​။ Beidaihe က​နေ ​ပေကျင်းထိ တက္ကစီသာ ငှားစီး​တော့မည်​ဟု သူဆုံးဖြတ်လိုက်​သည်​။

ပစ္စည်းများ အကုန်​ယူပြီး တံခါးဝဆီသို့ ဦးတည်​တုန်းသာ ရှိ​သေးသည်​။

တံခါးဖွင့်ဝင်​လာ​သော ဝမ်​ရိ​ပေါ်​ကြောင့်​ သူ့အသည်းနှလုံးများက ထို​နေရာမှာပင်​ ပြုတ်​ကျလုမတတ်​။ ရိ​ပေါ်ရဲ့ မျက်​နှာက ပုံမှန်​ထက်​တင်းမာ​နေရာ အန္တရာယ်​အ​ငွေ့အသက်​များကို ခံစားမိသဖြင့် သူ တံ​တွေးမျိုချမိသည်​။

" ဘယ်​သွားမလို့လဲ "

" ငါ ပြန်​ရ​တော့မယ်​ ကိစ္စရှိတယ်​ "

" လိမ်​ပြန်​ပြီလား ​ရှောင်းကျန့် "

ရိ​ပေါ်က ​အော်​​ပြောရင်း ​ရှေ့တိုးလာရာ သူ့မှာ​နောက်​သာ ပြန်​ဆုတ်​မိသည်​။

" ပထမဆုံး ကျိုးချန်​ကို စိတ်​ဆိုးလို့​ပြောတာ ​ပေကျင်းကို မပြန်​​သေးဘူးလို့ လိမ်​တယ်​ ခင်​ဗျား အစကတည်းက​နေ ပြန်​မယ်​လို့ ကြံ​နေတာမလား "

" မဟုတ်​ဘူး ငါ . . "

" ပါးစပ်​ပိတ်​ထား ! ဒုတိယ မိန်းက​လေးပဲ လက်​ထပ်​မယ်​ဆိုပြီး လိမ်​တယ်​ တတိယ ​ဂေးမဟုတ်​ဘူးလို့ လိမ်​တယ်​ စတုတ္တ ​တောင်​ထိပ်​ကို လ်ိုက်​လာမယ်​ဆိုပြီး လိမ်​တယ်​ ပဉ္စမ ​ပေကျင်းကို ကိစ္စ​ကြောင့် ပြန်​ရ​တော့မယ်​လို့ လိမ်​တယ်​ ကျွန်​​တော်​က ခင်​ဗျားအတွက်​ လိမ်​လို့​ကောင်းတဲ့ ဟာသဖြစ်​​နေတာလား "

Something in the dark ( completed )Where stories live. Discover now