( 70 )

15.2K 2.2K 247
                                    

unicode

သူရင်ဆိုင်ရန် တွန့်ဆုတ်နေမိဆဲပေမယ့်  တံခါးကပွင့်သွားတော့သည်။ ပထမဆုံးမြင်လိုက်ရသည်က သူ့တစ်သက်မမေ့နိုင်ခဲ့သည့် ခွမ်းချန်ရဲ့ခပ်ပြဲပြဲ မျက်နှာ။

ခွမ်းချန်ကလည်း သူ့ကိုမထင်မှတ်ဘဲ မြင်လိုက်ရသဖြင့် အံ့သြသွားပုံရသည်။

" မင်း ဘယ်လိုလုပ်ပြီး ဒီနေရာကိုသိ . . အား "

ကြောက်ရွံ့ခြင်းရဲ့ အဆုံးတစ်ဖက်မှာ ပြန်လုပ်တတ်သည်ဆိုတဲ့ စကားက အခုချိန်မှာ သူ့အတွက် ရည်ရွယ်ထားတာပဲ။

ခွမ်းချန် စကားမဆုံးခင်မှာပဲ ထိုခပ်ပြဲပြဲမျက်နှာ တည့်တည့်ကို လက်သီးပစ်သွင်းလိုက်ရာ ခွမ်းချန် နာကျင်စွာအော်ပြီး သိသိသာသာ ယိုင်သွားလေသည်။ ယိုင်သွားသည့်ကိုယ်ခန္ဓာကို ဆောင့်ကန်ပစ်လိုက်ရာ ခွမ်းချန်ကိုယ်က ကြမ်းပြင်မှာ သွားမှောက်တော့သည်။

သူ့ကိုဘာမှ မခုခံနိူင်သည့် ခွမ်းချန်ကိုမြင်သည့်အခါ သူ့စိတ်ထဲမှာ ပြောဆိုနေမိသည့် လုပ်နိူင်ပါတယ်ဆိုသော စကားက သေချာသွားလေသည်။

အပြင်ကပြိုလဲသံတွေကြောင့်ပဲ ထင်ပါရဲ့။ အခန်းထဲက ခွမ်းဟူလည်း အပြင်ပြေးထွက်လာသည်။

" ဝမ်ရိပေါ်  . . . "

သူ့ကိုမြင်သည်နှင့် ခွမ်းဟူလည်း ခွမ်းချန်အတိုင်း အံ့သြနေသည်။ ခွမ်းချန်ရဲ့ ထိုအံ့သြမှင်သက်မှုက သူ့အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးသည်။ ခွမ်းချန်ကို ပြေးကန်ပစ်လိုက်ရာ ခွမ်းချန်မျက်နှာက နံရံကို သွားမိတ်ဆက်ပြီး နာကျင်မှုကြောင့် အော်သံများနှင့် တွန့်ခေါက်လိမ်နေတော့သည်။

ဒီလိုမျိုး တွေ့လိုက်ရတော့လည်း သူ့ရဲ့ကြောင်လန့်ခဲ့မှုများက အနည်းငယ် မှေးမှိန်သွားသလို ဖြစ်ရသည်။ အခုချိန်မှာ ခွမ်းချန်နဲ့ခွမ်းဟူဟာ တကယ်ဘာမှ မဟုတ်တော့ပါလား။

ငယ်ငယ်တုန်းက သူဘယ်လိုမှ မဆန့်ကျင်နိုင်လောက်အောင် အားကြီးလွန်းခဲ့သည့် ဒီညီအစ်ကိုနှစ်ကောင်က အခုတော့ သူထင်ထားခဲ့သည်ထက်ပင် အားနည်းနေခဲ့သည်။

Something in the dark ( completed )Where stories live. Discover now