( 6 )

27.4K 2.4K 79
                                    

unicode

ရှောင်းကျန့် ဗိုက်ဆာနေပေမယ့် အစားကျတော့လည်း သေချာမစားနိူင်ပါ။

အေးလေ ဒီအခြေအနေနဲ့ စားဝင်နေရင်လည်း စိတ်ကျန်းမာရေး အထူးကုနဲ့ ပြရုံသာကျန်တော့သည်။ ပြန်ပေးဆွဲ ခံထားရတာလား။ ချုပ်နှောင်ခံထား ရတာလား။ မသဲကွဲတဲ့ အခြေအနေမှာ မတရားကလည်း အကျင့်ခံထားရသေးသည်။

ဘယ်အချိန် လွတ်မြောက်မလဲ။ ဘယ်အချိန် ထပ်အနှိပ်စက်ခံ ရမလဲ။ ဘာတစ်ခုမှ ရေရေရာရာ မသိရသည့်အချိန်မှာ ဗိုက်ဆာရင်တောင် မစားချင်သည့် စိတ်ကသာ လွှမ်းမိုးထားသည်။

သူ့စိတ်ထဲ ရှုပ်ထွေးသောက ရောက်နေသလောက် အရှေ့က ရိပေါ်ကတော့ ထမင်းအေးဆေး စားနေလေသည်။

မင်းကို ငါတကယ် တစ်ခုခု လုပ်ပစ်ချင်တယ် ရိပေါ်။

သူစိုက်ကြည့်နေသည်ကို ရိပေါ်က ရိပ်မိဟန်ရှိသည်။ ဟင်းရည်ငုံ့သောက်နေရာမှ ဖျတ်ခနဲ မျက်လုံးပင့်ကြည့်သည်။ မျက်လုံးချင်း မဆုံရအောင် ရှောင်းကျန့် ချက်ချင်း အကြည့်လွှဲပြီး အယောင်အမှားမှားနှင့် ဟင်းရွက်ကျော်ကို တူနဲ့ကောက်ဝါး မိသည်။

အား သေပြီ။ ဟင်းရွက်စိမ်းကျော် မဟုတ်ဘဲ ငရုတ်သီး အစိမ်းတောင့်ကြီး။

အာခေါင်တစ်ခုလုံး ပူစပ်သွားသဖြင့် သီးပြီး ချောင်းဆိုးလာသည်မှာ ရပ်မရတော့ချေ။

" စပ်တယ် အဟွပ် - ဟွပ် -  "

ကတိုက်ကရိုက် ဖြစ်နေသည့် သူ့ရှေ့ရောက်လာသော ရေအပြည့်ဖြည့် ထားသည့် ဖန်ခွက်လေးတစ်ခွက်။

ရေခွက်ကို ချပြီးသည်နှင့် ဖြူဖွေးလှပသည့် လက်ချောင်းလေးများက ပြန်ရုတ်သွားသည်။ ဘာစကားမှဆိုခြင်း မရှိပေမယ့် ရှောင်းကျန့် ရင်ထဲ သောက်လိုက်စမ်း ဟု အသံများသာ ထပ်ကာထပ်ကာ ကြားနေရသည်။

ရိပေါ်ကို မော့ကြည့်မိတော့ ဘာစကားမှ မဆိုဘဲ သူ့ကိုကြည့်နေလေသည်။

မသောက်ဘူး။ မင်း ပေးတဲ့ရေ မသောက်ဘူး။ စပ်လို့ သေရင်သေသွားပါစေ။

ရှောင်းကျန့် အသိစိတ်က နှိုးဆော်သော အသံတိတ်အမိန့်များကို လွန်ဆန်ကာ ဖန်ခွက်ကို လုံးဝမယူ။

Something in the dark ( completed )Where stories live. Discover now