( 47 )

14.9K 1.9K 203
                                    

unicode

​ရှောင်းကျန့်ဆီ ဆက်​တိုက်​ဖုန်း​ခေါ်​ပေမယ့် ​ရှောင်းကျန့်မကိုင်​​တော့ သူ့ခံစားချက်​က ထူးဆန်းလာသည်​။ ပထမဆုံး မ​ကိုင်​ရ​ကောင်းလားဆိုပြီး ​ဒေါသထွက်​သလို။ ​နောက်​​တော့ ပူပန်​လာသလို။ ​ရှောင်းကျန့် မ​ကျေနပ်​တာများ တစ်​ခုခုလုပ်​မိတာလားဟု ​တွေးမိချိန်​မှာ​တော့ သူ့စိတ်ထဲ စိုးရိမ်မိလာသည်။

ခုနားက ဖုန်းချလိုက်လို့ပဲလား။ ဒါမှမဟုတ် ချောကလက်ပဲ ဝယ်လာမယ်လို့ ပြောလိုက်မိလို့များလား။ ရှောင်းကျန့်က တခြားတစ်ခုခု လိုချင်နေတာလား။

သူဘာမှ မတွေးတတ်အောင်ပါပဲ။ missed call ငါး call နဲ့ စာတိုသုံးခု ပို့ပြီးချိန်မှာတော့ သူ ဖုန်းခေါ်ဆိုခြင်းကို လက်လျော့လိုက်တော့သည်။ ဒါပေမယ့် စိတ်ထဲမှာတော့ အားမလို အားမရ စိုးရိမ်မှုများနဲ့။

ပေကျင်းမှာသာဆိုရင် ရှောင်းကျန့်အိမ်ကို သူရောက်သွားနှင့်လောက်ပြီ။

အခုတော့ သူဘာမှလည်း မလုပ်နိူင်။

ကွမ်းယောင်ဆီကိုသာ ဖုန်းခေါ်မိတော့သည်။

" ကွမ်းယောင် ငါမေးကြည့်စရာ ရှိတယ် "

" အေး မေး "

" မင်းခရီးထွက်ရလို့ မင်းလင်ဆီ ဖုန်းခေါ်ရင် မင်းလင်အမြဲတမ်းကိုင်လား "

" ကိုင်တာပေါ့ ငါတောင်ဆက်စရာမလိုဘူး ရှီးချန်ကောက အမြဲတမ်းခေါ်နေတာ "

သူ့ရှောင်းကျန်က အဲဒီလိုမျိုးတော့ မလုပ်ဘူးပဲ။ အေးလေ . . . သူ့ရဲ့ snowball လေးက အရမ်း အရှက်သည်းတတ်တာကို။

" ဖုန်းခေါ်တာကို မကိုင်တာက ဘာဖြစ်မလဲ "

" အိပ်နေတာဖြစ်မှာပေါ့ "

" သိပ်မကြာသေးခင်က ဖုန်းပြောလိုက်တယ် ပြန်ဆက်မယ်ဆိုပြီးတော့ ပြောပြီးမှ ချလိုက်တာ ဒါပေမယ့် ပြန်ခေါ်တော့ မကိုင်တော့ဘူး အဲဒါ ဘာဖြစ်လို့လဲ "

" ဝါး . . . ဝမ်ရိပေါ်  မင်း အခုလူတစ်ယောက် ဖုန်းမကိုင်တာကို စိတ်ပူနေတာလား . . . နေပါဦး အဲဒီလူက ရှောင်းကျန့်လား "

Something in the dark ( completed )Where stories live. Discover now