( 29 )

16.4K 1.8K 142
                                    

unicode

ရှောင်းကျန့်အခန်းထဲကို ရောက်မှ စာများထည့်ထားသော သေတ္တာလေးကို အခန်းထဲ စားပွဲပေါ်တင်လိုက်သည်။ မရည်ရွယ်ဘဲ ခဏပြန်ဖွင့်ကြည့်မိတော့ သူ နောက်ဆုံးဖတ်ခဲ့သည့် ပေတလူးကောင်လေးရဲ့ နှုတ်ဆက်စာရွက်နွမ်းက အပေါ်မှာ အထင်းသား။

စာရွက်တွေဟာ တန်ဖိုးမရှိပေမယ့် သူ့အတွက် အတိတ်အမှတ်တရများဟု သတ်မှတ်မိချိန်မှာတော့ တန်ဖိုးက ဖြတ်မရပြန်။

" ဟေ့ ကျန့်ကျန့်ရယ် နင်မထွက်လာတော့ဘူးလား "

အပြင်ခန်းက အမေရဲ့ လှမ်းအော်သံကို ကြားရပြန်သည်။ ဝင်လာတာမှ တစ်မိနစ် မပြည့်သေး။ မားဟာ သိပ်ခက်တာပဲ။ သူ့မားအကြောင်းလည်း သူသိသည်။ သူ မထွက်မလာချင်း တကြော်ကြော်အော်ခေါ်  နေလိမ့်မည်။

သေတ္တာလေးကို ပြန်ပိတ်လိုက်ပြီး ပြန်ထွက်လိုက်ရသည်။ ရိပေါ်ကတော့ ခုံမှာ ပြန်ထိုင်နေလေပြီ။ သူ ထွက်လာလျှင် ကြည့်နေလိမ့်မည်ဟု မျှော်လင့်ထားပေမယ့် နတ်ဆိုးလေးက သူ့ဘက် လုံးဝမကြည့်ဘဲ လက်ဖက်ရည်သာ ပြန်သောက်နေသည်။

ရိပေါ်ဆိုသည်မှာလည်း တစ်ခါတစ်လေ ခန့်မှန်းရ သိပ်ခက်တာပဲ။

" လက်ဖက်ရည်အတွက် ကျေးဇူးပါ အဒေါ်  ကျွန်တော် သွားရတော့မယ် "

သူတောင် ပြန်မထိုင်ရသေး။ ရိပေါ်က လက်ဖက်ရည်ခွက်ကို ချပြီး လက်ပတ်နာရီကို ငုံ့ကြည့်ရင်း ဆိုလာသည်။

" အေး သားလေး အားရင်လည်း လာလည်ဦးနော် "

တစ်ခါခေါ်လာတာ အားမရလို့ နောက်ထပ်လာလည်ဖို့ မားက ခေါ်နေသေးသည်။

" ကောင်းပါပြီ "

ရိပေါ်ပြောရင်း ထရပ်သည်။ ပြီးမှ ရပ်နေသော သူ့ကိုကြည့်သည်။

" ကျွန်တော် သွားလိုက်ဦးမယ် ရှောင်းကျန့် "

" အေး . . . သွား "

ဖြစ်ကတတ်ဆန်း နှုတ်ဆက်သည့်သူ့ကို မားက နတ်ဆိုးလေးအကွယ်က လက်သီးဆုပ်ပြလေရဲ့။ သူကတော့ မသိဟန်ဆောင်ပြီး ပြန်မျက်နှာ လွှဲလိုက်သည်။

ရိပေါ်က ခေါင်းတစ်ချက်ဆတ်ပြပြီး ပြန်ထွက်သွားသည်။ တံခါးဝနားတွင် ဖိနပ်စီးပြီး တံခါးဖွင့် ထွက်သွားသည့်တိုင်အောင် သူ့ထံသို့ ရိပေါ်ရဲ့အကြည့်က ရောက်မလာခဲ့တော့ချေ။

Something in the dark ( completed )Where stories live. Discover now