( 31 )

17K 1.8K 79
                                    

unicode

ခြံဝမှ security လုပ်သည့်  ပါတီစောင့်များ ကို မေးတော့လည်း သူ သိချင်သည့် လူရဲ့အကြောင်းက ဘာမှမထူး။

" ဖိတ်စာပြတော့ နောက်မှာ နာမည်ပါတယ်မလား မကြည့်လိုက်ဘူးလား "

သူ့စကားကြောင့် ပါတီစောင့်များက အူကြောင်ကြောင်ဖြင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ခေါင်းခါပြကြသည်။

" ကျွန်တော်တို့က ဝင်ခွင့်ပေးရမလား မပေးရဘူးလားပဲ ဆုံးဖြတ်​​ပေးရတာလေ ဖိတ်စာပြတော့ ဝင်ခွင့်ပြုလိုက်တယ် အဲဒါပဲ "

" မျက်နှာမမြင်လိုက်ဘူးလား "

" မျက်နှာ မမြင်လိုက်ဘူး  သိပ်မကြာဘူး ပြန်ထွက်သွားတယ် ဒီကပြန်ပြီလား  မေးတာတောင် ဘာမှမပြောခဲ့ဘူး "

လုံခြုံရေးများရဲ့ အဖြေကလည်း သူ့အတွက် အားရစရာမရှိ။

အိမ်ထဲမှာ လူစစ်ပြီး ဖိတ်စာကို ကူညီပြန်​သိမ်း​ပေးသည့် အစောင့်နှစ်ယောက်ကလည်း မသိဟုသာ ဇွတ်ငြင်း။

အရပ်ရှည်ရှည်နဲ့ ယောက်ျားတစ်ယောက် ဖြစ်သည်က လွဲ၍ ဘယ်စီစီဗီတီ မှတ်တမ်းကို စစ်ကြည့်ကြည့်။ အရာမရောက်ခဲ့ချေ။ မလာ​သော လူစာရင်းကို ပြန်​သိမ်းထားသည့် ဖိတ်​စာနှင့်တိုက်​ပြီး စစ်​ကြည့်လိုက်​ရင်​​တော့ ထိုထဲကတစ်​​ယောက်​​ယောက်​က​တော့ သူ့ကိုပြုစု​ပေးခဲ့သည့်လူ ဖြစ်​​နေမှာပဲ။

ဒါ​ပေမယ့် ငါအဲဒီလိုဖြစ်​​နေတုန်းက ပြုစု​ပေးခဲ့တဲ့သူလားဟု တစ်​​ယောက်​ချင်း လိုက်​​မေး​နေလို့ မရဘူးမလား။ မ​တော်​လျှင်​ လုပ်​ခဲ့သည့်လူက ဝန်​မခံသည့်အပြင်​ သူ့အရှက်​ကွဲတာသာ အဖတ်​တင်​လိမ့်မည်​။

ရိပေါ် လုံခြုံရေးများဆီက ပြန်ထွက်လာတော့ ဘေးနားလာရပ်နေသည့် ကွမ်းယောင်လည်း နောက်ကပြန်လိုက်လာသည်။

" မင်း အဲဒီလူကို ဘာလို့ စုံစမ်းနေရတာလဲ ရိပေါ်  . . ဘာလဲ ပါတီကို အနွေးထည် Hoodie နဲ့ရောက်လာတာ လန်းလို့လား ပေါ့ပေါ့ပါးပါးမို့ အင်္ကျီသတ်မှတ်ချက် အစကတည်းက မလုပ်ထားတာလေ "

" မင်း ငါ့ကို စကားလာမပြောနဲ့ ဒုက္ခအိုးကောင် "

" ငါ မင်းကို ဘာလုပ်မိလို့လဲ . . ပါတီပြီးကတည်းက မင်းဘာဖြစ်နေတာလဲ ဘာလဲ မင်းရှောင်းကျန့်မလာလို့လား ခေါ်တာက ခေါ်တာပဲ လာအောင် သွားပင့်လို့မှ မရတာ "

Something in the dark ( completed )Where stories live. Discover now