( 4 )

40.7K 2.6K 16
                                    

unicode

ရှောင်းကျန့် ကိုက်နေသည်ကို ရိပေါ်က အစပိုင်း တွန်းဖယ်ပေမယ့် ခဏလေးအတွင်းမှာပဲ ငြိမ်သက်သွားသည်။ သို့သော် ရှောင်းကျန့်ကတော့ မလွှတ်ပေးပါ။

ယုန်သွားလေးများဖြင့် ကိုက်သည့်နေရာ သွေးစိုသည်အထိ ကိုက်ပစ်လိုက်သည်။ သွေးအနည်းငယ်စိုမှ ရှောင်းကျန့် ပြန်လွှတ်ပေးသည်။ အရေပြားပေါက်သွားသည့်တိုင် ရိပေါ်ဆီက ညည်းသံတောင် မကြားပါ။

နှုတ်ခမ်းတင်းတင်းစေ့ကာ ရိပေါ်က နာကျင်သည့်ဒဏ်ကို ကြ်ိတ်ခံနေပုံရသည်။

" ကိုက်လို့ဝပြီလား "

ရိပေါ်ရဲ့အမေးက ဒေါသသံမပါပေမယ့် ဘာကြောင့်ကျောစိမ့်စရာ ကောင်းနေရတာလဲ။ မုန်တိုင်းမလာခင် လေငြိမ်သွားသည့် သဘောမျိုးလား။

" ကျွန်တော် မုန်းတဲ့လူတစ်မျိုးကို ထပ်ပြောရရင် ကျွန်တော့်ကို ဒဏ်ရာရအောင် လုပ်တဲ့သူပဲ ရှောင်းကျန့် ခင်ဗျားက တစ်ခုပြီး တစ်ခု ချိုးဖောက်နေတာပဲ "

ထိုစကားကို ရိပေါ်က အေးဆေးဆိုခြင်း မဟုတ်။ ပြောရင်းနှင့် ရှောင်းကျန့်ကိုယ်ပေါ်ရှိ စောင်ကို ဆွဲခွာပစ်လိုက်သည်။ စောင်ကို မဆွဲယူနိုင်သော ရှောင်းကျန့်မှာ နောက်တစ်ကြိမ် အကာအကွယ် မဲ့ရပြန်သည်။

" ညင်သာဖို့ မတောင်းဆိုနဲ့ မနာဖို့ပဲ ကိုယ့်ဘာသာ ဆုတောင်း "

ရိပေါ်ပြောပြီးသည်နှင့် အင်္ကျီရှပ် ကြယ်သီးကို စဖြုတ်သည်။

အခြေအနေ မဟန်တော့ဘူး။ ရှောင်းကျန့် ရှိနေသည့် အားများကိုစုကာ ပြေးဆင်းတော့သည်။ ရိပေါ်က လိုက်မဖမ်း။ ထွက်ပြေးလေ ဆိုသည့် သဘောဖြင့်သာ သူ့ကြယ်သီးများကိုသာ ထပ်ဖြုတ်နေသည်။

အားနည်းနည်းစိုက် လှုပ်ရှားသည်နှင့် ဆေးရှိန်က ရီဝေဝေနှင့် ပျော့ခွေလာချင် ပြန်သည်။ သို့သော် ရှောင်းကျန့် အခန်းတံခါးပေါက် ရှိရာသို့ ရအောင်အားတင်း သွားသည်။

" ခင်ဗျား ဒီအတိုင်း သွားမယ်ပေါ့ "

ရိပေါ်ပြောမှ ရှောင်းကျန့်ကိုယ်ပေါ် အဝတ်အစားမရှိသည်ကို ပြန်သတိရပြန်သည်။ ခုနားက လွတ်ရမည်စိတ်သာ ရှိရာ လက်ရှိအခြေအနေကို တဒင်္ဂမေ့သွားမိသည်။ ဒါကြောင့် ဒီအနှီလူသားလေး ရိပေါ်က သူ့ကိုလိုက်မဖမ်းဘဲ ကြည့်နေတာကို။

Something in the dark ( completed )Where stories live. Discover now