( 7 )

24.8K 2.3K 62
                                    

unicode

စောင်တွင်းထဲ နောက်တစ်ယောက် ဝင်လာသောကြောင့် အနွေးဓာတ်လေးက ပိုသွားခဲ့ပေမယ့် ထိုအနွေးဓာတ်ကို ရှောင်းကျန့်သဘော မကျမိ။ အနွေးဓာတ်ရဲ့ နောက်ကွယ်မှာ အန္တရာယ်အငွေ့အသက်က ကပ်ရက်လိုက်ပါ နေသလို ခံစားရသည်။

နတ်ဆိုးလေးက သူတော်ကောင်း ရုပ်လေးနဲ့ စိတ်ကူးဆိုးထပေါက် လာလျှင် သူ့အတွက် လွယ်ကူမည်မဟုတ်။

ဘေးနားမှာ လာလှဲပေမယ့် သူ့အသားကိုတော့ လာမထိပါ။ ခေါင်းအုံးပေါ် လက်တင်အုံးပြီး ဘေးတစောင်းလှဲကာ တိတ်တိတ်လေး ကြည့်နေရှာသည်။

ကြည့်ပြီး ဘာတွေတွေးနေလဲ မသိ။

ပြေပြစ်သော နဖူးလေးအောက်က နှာတံလေး စင်းကျနေသည်မှာ တတ်ကျွမ်းသော ပန်းပုရှင်တစ်ယောက်ရဲ့ လက်ရာမြောက်သော အရုပ်လေးတစ်ရုပ်နှယ်။ ကော့စင်းရှည်သော မျက်တောင်အလှက ဘေးတစောင်းမြင်ရမှ ပိုမိုလှပ နေပြန်သည်။

သေချာကြည့်မိလေ ခင်ဗျားက ပိုလှလေပဲ ရှောင်းကျန့်။ လှတဲ့အရာတွေကို ကျွန်တော်သဘောကျတယ်။

ပက်လက်လှဲနေသော သူ့ကို ဘေးက စိုက်ကြည့်နေသော နတ်ဆိုးလေးကြောင့် ရှောင်းကျန့်ခမျာ မျက်လုံးမှိတ်အိပ် ရန်ပင်ခက်ခဲလျက် ရှိသည်။

ငါ အေးဆေးအိပ်ပါရစေ။ မောင်မင်းကြီးသား ရယ်။

" မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်မနေနဲ့ အိပ်တော့ ခင်ဗျားကို ကျွန်တော် ဘာမှမလုပ်ဘူး "

ထွက်လာသည့်အသံက မတိုးမကျယ်လေး။ သူ့ရင်ထဲပြောနေမိသည့် စကားတွေကိုများ ကြားသွားတာလား။

ရှောင်းကျန့် ခေါင်းလှည့်ကြည့်မိတော့ ရိပေါ်က မျက်လုံးမှိတ်ထားလေပြီ။

တော်သေးတယ်။ ဘာမှမလုပ်ဘဲ အိပ်သွားလို့။

ရှောင်းကျန့် ထိုအခါမှ စိတ်လျော့နိူင်တော့သည်။ စိတ်ချလက်ချပင် မျက်လုံးပြန်မှိတ် လိုက်သည်။

မနက်ရောက်ရင် အားလုံး ပြီးသွားဖို့ မျှော်လင့်ပါတယ်။

ညရဲ့အအေးက ညည့်နက်လေ ပိုမြင့်တက်လာလေပါပဲ။ အနွေးဓာတ်ပေးစက် လျော့ချ ခဲ့သည့် ရိပေါ်ရဲ့အိမ်လေးက တဖြည်းဖြည်း အအေးဓာတ် ဝါးမျိုခြင်းကို ခံလာရသည်။

Something in the dark ( completed )Where stories live. Discover now