( 50 )

16.4K 2.2K 318
                                    

unicode

နောက်တစ်နေ့ကူးသည့်တိုင် ရှောင်းကျန့်ဆီ သူ ဆက်သွယ်မရခဲ့။ အိမ်မှာလည်းမရှိ။ အလုပ်ကလည်း ခွင့်ယူထားသော ရှောင်းကျန့်ကို ဘယ်မှာဆက်သွယ်ရ ကောင်းမှန်းလည်းမသိ။ voice message သာ ချန်လိုက်ရသည်။

# ရှောင်းကျန့် . . . ခင်ဗျား ဖုန်းပိတ်ထားတာ လွန်နေပြီ ညစာအတူစားဖို့ ချိန်းထားတာ မှတ်မိတယ်မလား အဲဒါ ဒီနေ့ပဲ Beihei park ကို သိတယ်မလား အရှေ့ဂိတ်က ဝင်လာခဲ့ ဖန်ရှမ်းစားသောက်ဆိုင်မှာ ညနေ ငါးနာရီ ကျွန်တော်စောင့်နေမယ် #

# ရှောင်းကျန့် ဒီအသံကိုကြားရင် ချက်ချင်းဖုန်းခေါ်  #

# ခင်ဗျားမလာမချင်း စောင့်နေမယ် #

voice msg များစွာအတွက် တုံ့ပြန်သံမရခဲ့ပေမယ့် ဆိုင်ငှားထားသည်ကိုလည်း ပြန်အမ်းမရသည်မို့ သူ့မှာ ဆိုင်ကိုသာ သွားလိုက်ရသည်။

ညနေငါးနာရီကတည်းက တစ်ယောက်တည်း ခြောက်သွေ့စွာ စောင့်နေရသည့်သူက ရေတစ်ခွက်ပြီး တစ်ခွက် သောက်နေရသည်သာ အဖတ်တင်သည်။ ည ၇ နာရီထိုးသည့်တိုင် ရှောင်းကျန့်က ရောက်မလာခဲ့။

ချစ်တယ်လို့ ပြောရမယ့်အရေးကလည်း မလွယ်လိုက်တာ။

၇ နာရီ ခွဲလောက်မှ ကွမ်းယောင်ကဖုန်းဆက်လာသည်။

" အခြေအနေ ဘယ်လိုလဲ "

" ရှောင်းကျန့်မလာဘူး "

" ဘာ . . . ဘာဖြစ်လို့လဲ "

" မသိဘူး . . . ဖုန်းဆက်မရတာ သုံးရက်လောက်ရှိနေပြီ အိမ်မှာလည်း မရှိဘူး အလုပ်လည်း မလာဘူး "

" ဖုန်းဆက်မရဘဲနဲ့ ဘာလို့သွားစောင့်နေတာလဲ မင်း တော်တော်နုံတဲ့ကောင် "

ကွမ်းယောင်ရဲ့လေသံက အားမလို အားမရခြင်းများနှင့် ပြည့်နှက်နေသည်။

" ငါ voice msg ချန်ထားတယ် ရှောင်းကျန့်ကြားလို့ လာရင် လာခဲ့မှာပဲလေ ဆိုင်ပိတ်တာကရှစ်နာရီတဲ့ ဆိုင်ပိတ်တဲ့ထိ စောင့်လိုက်တော့မယ် "

" မင်းရှောင်းကျန့်ကလည်း အရေးထဲမှ . . . "

" ဟေ့ကောင် ရှောင်းကျန့် အပြစ်မဟုတ်ဘူး သူက ဖုန်းတောင် မကိုင်ခဲ့တာ မသိလို့ မလာတာ အပြစ်ပြောလို့မရဘူး ဒီနေ့ ပြောလို့မရရင် မနက်ဖြန်ပြောမယ်ကွာ ငါတို့တွဲတာ အတည်ဖြစ်ရင် ရပြီ "

Something in the dark ( completed )حيث تعيش القصص. اكتشف الآن