( 71 )Final Part

26.6K 3K 546
                                    

unicode

မှန်ပြတင်းပေါက်ကို တစ်ဖြောက်ဖြောက် လာရိုက်ခတ်နေသော မိုးရေစက်များကို ကြည့်ရင်း ရှောင်းကျန့်စိတ်ထဲ ဗလာဖြစ်နေသည်။ ဝမ်းနည်းရလွန်းလို့ စိတ်ကလည်း ထပ်ဝမ်းမနည်း နိူင်တော့ဘူး ထင်ပါရဲ့။

မိုးရေစက်များကို မှန်ပြတင်းပေါက်မှ တစ်ဆင့်ငေးကြည့်ရင်း အနာဂတ်ပျောက်နေသည့် လူသားတစ်ဦးလို ခံစားရသည်။ ရိပေါ် လက်ထပ်တော့မှာကို အတည်ပြုပြီးကတည်းက သူ့စိတ်တွေဟာ ဒီတစ်ပတ်အတွင်း လုံးဝနာလန်မထူနိူင်ခဲ့။ သူ လက်ထပ်မည်ဟု ဆိုခဲ့တုန်းက သူ့ကို ရိပေါ်က အတင်းအဓမ္မခေါ်ဆောင်ပြီး လက်ထပ်ပွဲဖျက်ခိုင်းခဲ့ပေမယ့် သူကတော့ အဲဒီလို ပြန်မလုပ်နိူင်သည်မက ရိပေါ်နဲ့တွေ့ခွင့်တောင် မလွယ်ခဲ့။

ဒါပေမယ့် လုပ်နိူင်ရင်လည်း သူလုပ်ရက်မှာ မဟုတ်ချေ။ ရိပေါ် စိတ်ကျေနပ်ဖို့ ရွေးချယ်ခဲ့တဲ့လမ်းကို သူကဘာအခွင့်ရှိလို့ ဖျက်ဆီးနိူင်ရမှာလဲ။ ရိပေါ်သာ သူ့ကိုထပ်ရွေးချယ်မယ်ဆိုရင် ဖြောင့်ဖြောင့်တန်းတန်း ပြန်လာနိူင်ရဲ့သားနဲ့ တခြားသူကို ရွေးချယ်သွားတာဟာ
သူ့ကိုပြန်မလိုချင်တော့တာ သေချာနေတာပဲမလား။

သူဝမ်းနည်းရပေမယ့် ရိပေါ်ရွေးချယ်ခဲ့တဲ့လမ်းက ရိပေါ်ရဲ့ဘဝကို ပိုပျော်ရွှင်နိူင်မယ်ဆိုရင် ရပါပြီ။ အဲဒီအတွေးနဲ့ပဲ သူ့ရဲ့ပြိုလဲနေသော အနာဂတ်ကို ပြန်တည်ဆောက်ရမည်။

သူအတွေးများနဲ့ ငြိမ်သက်နေတုန်း မြင်ကွင်းထဲ ထိုးရပ်လာသော ကားကြောင့် အတွေးများက နည်းနည်းပြန်လွှင့်ပြယ်သွားသည်။

ဒီဆိုင်ပိတ်ထားတာ မသိသေးဘဲ မုန့်လာဝယ်တာများလား။

ရှေ့မျက်နှာစာက မှန်များသာဖြစ်သဖြင့် အပြင်ကို အတိုင်းသားမြင်နေရသည်။ တံခါးမှာတော့ Closed လို့ ချိတ်ဆွဲပြီးသားမို့ ရပ်လာသောကားအတွက် အထူးတလည်တော့ မတွေးမိပါ။

ဒါပေမယ့် ကားနောက်ခန်းမှ ဆင်းလာသူကို မြင်ချိန်မှာတော့ သူ့နှလုံးသားများ တုန်ယင်သွားရသည်။

ရိပေါ်ပဲ။

မိုးများရွာနေပေမယ့် ရိပေါ်က ထီးမဆောင်း။ ကားကိုလည်း ပြန်ထွက်သွားဖို့ ပြောထားပုံရသည်။ ရိပေါ်ဆင်းပြီး သိပ်မကြာခင်မှာပဲ ကားကပြန်ထွက်သွားလေသည်။

Something in the dark ( completed )Where stories live. Discover now