( 63 )

13.9K 2.1K 193
                                    

unicode

သူစောစောပြန်လာခဲ့ပေမယ့် အိမ်တွင် ရှောင်းကျန့်က ရှိမနေ။ မနက်ကတည်းက စိတ်ကွပ်သွားသဖြင့် ရှောင်းကျန့်အပြင်သွားနေသည် ထင်ပါရဲ့။ ဖုန်းဆက်တော့လည်း ဖုန်းကမကိုင်။

ရှောင်းကျန့် စိတ်ဆိုးမှုပြေပျောက်စေရန် သူ မက်ဆေ့ချ်သာ ပို့လိုက်တော့သည်။

# ကျွန်တော် ဆုံးဖြတ်လိုက်ပြီကော ကျွန်တော်အဲဒီဆိုင်ကို မဝယ်တော့ဘူး ကောစကားအတိုင်းပဲ နားထောင်တော့မယ် ဟုတ်ပြီလား #

သူမက်ဆေ့ချ်ပို့ပြီး ညနေစာအတွက် ပြင်ဆင်နေလိုက်သည်။ ညနေစောင်း မိုးရွာလာသည့်တိုင်အောင် ရှောင်းကျန့်က ရောက်မလာခဲ့။

ညနေစာဝိုင်းတွင် သူတစ်ယောက်တည်း ထိုင်စောင့်ပြီး ဟင်းများသာအေးသွားသည်။ ရှောင်းကျန့်ရဲ့ အရိပ်အယောင် မမြင်ရသေး။

တော်တော် စိတ်ကောက်တတ်တဲ့ ရှောင်းကျန့်ပဲ။ ဒီညတော့ အပြစ်ကောင်းကောင်းပေးမှပဲ ရတော့မယ်။

သူတစ်ယောက်တည်း စားရသော ညနေစာက အရသာမဲ့လွန်းနေသည်။ ဒီအိမ်ကို ရောက်ကတည်းက တစ်ယောက်တည်း ထိုင်စားလာခဲ့ပေမယ့် ရှောင်းကျန့်နဲ့ တစ်လကျော်အတူစားခဲ့ရတာကို သူ့စိတ်ထဲမှ ခင်တွယ်နေခဲ့လေပြီ။

သူစားပြီးမှ ရှောင်းကျန့်ဆီက ဖုန်းဝင်လာခဲ့သည်။

" တောင်းပန်ပါတယ် ရိပေါ်  မနက်​က ကိစ္စအတွက်​ ​ကောစိတ်​လွတ်​မိသွားတာပါ ရိ​ပေါ်လုပ်​ချင်​သလို လုပ်​ပိုင်​ခွင့်ရှိတယ်​ "

အသံက တကယ်ကိုတိုးရှိုက်သံလေး ဖြစ်သဖြင့် ထိုအသံကို နားထောင်ခြင်းနှင့်ပင် ရှောင်းကျန့် တစ်ခုခုဖြစ်နေမှန်း သူ့ရင်ထဲ နားလည်သလို။

" အခု ဘယ်မှာလဲ ရှောင်းကျန့် . . အိမ်ပြန်လာခဲ့ ကျန်တာ နောက်မှဆက်ပြောရအောင် "

" ကော ဒီညမလာတော့ဘူး "

" မရဘူး လာဆိုလာခဲ့ . . ကောရဲ့မားဆီမှာ သွားအိပ်ချင်လို့လား ဒါဆို ကျွန်တော်ပါ အတူလာအိပ်မယ် လာခဲ့ရမလား "

" ကောအဲဒီအိမ်မှာမဟုတ်ဘူး "

" ကျွန်တော် ဒီနေ့နေမကောင်းဘူး . . ဒီည တကယ်ပဲ တစ်ယောက်တည်း ပစ်ထားမလို့လား "

Something in the dark ( completed )Hikayelerin yaşadığı yer. Şimdi keşfedin