( 10 )

23.2K 2.1K 88
                                    

unicode

ရိပေါ် ပန်းကန်များကို ဆေးပြီးသည်အထိ သူ ဘာမှမပြောတော့ဘဲ ထိုင်နေတော့သည်။

ဘယ်အချိန် အိမ်ပြန်ပို့မလဲ။ မနက်စာ ကျွေးပြီးပြီဆိုတော့ နေ့လည်စာတော့ မကျွေးလောက်တော့ဘူးမလား။ အမြန် ပို့ပါတော့။

မရိုးမရွသော စိတ်ကြောင့် သူ ထိုင်နေရင်းမှ ဒူးနန့်မိသည်။

" မလှုပ်နဲ့လို့ ပြောထားတယ် မလား "

နောက်လှည့်ရင်း ပြောလိုက်သည့် အသံက ခပ်ဆတ်ဆတ်။ ရိပေါ်က သူ့ကို ကျောပေးထားတာကို ဘယ်လို ရိပ်မိမှန်း မသိတော့ချေ။

နောက်စေ့မှာများ မျက်လုံး ပါနေတာလား။

နန့်ချင်နေသော ဒူးကို လက်ဖြင့် အသာကူထိန်းရသည်။

မလှုပ်နဲ့ဆိုတော့လည်း မလှုပ်ရုံပဲပေါ့။ အိမ်ရောက်မှ ဒူးမက တစ်ခန္ဓာလုံး နန့်ပစ်လိုက်မယ်။

ပြောသာပြောရတာပါ။ ရိပေါ်ပေးထားသော ဒဏ်ရာများကြောင့် လှုပ်ချင်သလို လှုပ်လို့ရဦးမည်မထင်။ အခု စိတ်လှုပ်ရှားမိလို့သာ ဒူးဆီအာရုံပို့မိသည်။

ဒူးလှုပ်မိသည့်ဒဏ်ကြောင့် မဆိုင်သော နေရာတစ်နေရာက ပိုနာကျင်လာသလိုပင်။

ရိပေါ်က ပန်းကန်များကို အပေါ်က ပန်းကန်စင်ပေါ်တွင် ထည့်ပြီးမှ သူ့ကိုပြန်လှည့်ကြည့်သည်။

ခုနားက အငေါက်ခံထားရသဖြင့် မျက်နှာ ခပ်မဲ့မဲဖြစ်နေရှာသည့် ရှောင်းကျန့်ကို ကြည့်ကာ ရိပေါ်စိတ်ထဲ ပြုံးမိသည်။ အပြင်မှာတော့ နှုတ်ခမ်းများတောင် ကွေးမလာချေ။ တင်းတင်းစေ့လျက်။

ရှောင်းကျန့်က မျက်နှာဖြစ်သလို သစ်လာသဖြင့် နဖူးစပ် ဆံပင်များမှာ ရေများစိုနေသလို မဖြီးရသေးသော ဆံပင်မှာလည်း ပွယောင်းယောင်း ဖြစ်နေပြန်သည်။

Des gay bar မှာ စတွေ့ခဲ့တုန်းက ဆံပင်များ သေသပ်စွာ ဖြီးထားသည့် ရှောင်းကျန့်က လူကြီးတစ်ယောက်လို ခန့်ညားသွင်ရှိပေမယ့် အခု ဆံပင်ပွယောင်းနေတော့လည်း ကလေးတစ်ယောက်လို ချစ်ဖို့ကောင်းနေပြန်သည်။

Something in the dark ( completed )Where stories live. Discover now