( 27 )

17.6K 1.8K 128
                                    

unicode

မနေ့ညက တစ်ညလုံး သောင်တင်တာ အားမရလို့ သူအလုပ်သွားပြီး ပြန်လာတာတောင် တစ်နေ့ကုန် ပေါက်ပေါက်ဖောက်သော အသည်းကွဲသမားကြီးကို ညနေစောင်းမှာတော့ ရိပေါ်အတင်း နှင်ထုတ်လိုက်တော့သည်။

အသည်းကွဲသမား ပြန်သွားတော့ ခေါက်ဆွဲထုပ်များ အကုန်မ,သွားသည်မက သူ အိမ်၌ တစ်ခါတစ်လေ ဖျော်သောက်သည့် သူ့ Kopi Luwak (ကြောင်ကတိုးကော်ဖီ)ကိုပါ အလစ်သုတ်သွားလေရဲ့။

သန်းကြွယ်သူဌေး ကွမ်းယောင်က သူ့အိမ်က ပစ္စည်းမှန်သမျှကို ဝံ့ဝံ့ရဲရဲ မ,သွားတတ်တာကလည်း သူတို့နှစ်ယောက်သာ သိသော အမှန်တရားတစ်ခု ဖြစ်နေချေပြီ။

ကျင်းကွမ်းယောင်ဟာ ခေါက်ဆွဲထုပ်များနှင့် ကော်ဖီတင် မဟုတ်။ ရေခဲသေတ္တာဖွင့် ကြည့်မှ သူသေချာထုပ်ပိုး ဥထားသည့် truffle ကိုပါ ခိုးသွားကြောင်း သိရတော့သည်။

" အီဂျီမဲ လက်သစ်ကောင် . . . အကုန် ခိုးသွားတယ် ငါ့ဟာ ဖြုတ်မခိုးသွားတာ ကံကောင်း "

သူစိတ်ဆိုးတကြီး ရေရွတ်မိပေမယ့် ဘာမှမတတ်နိုင်တော့။ ကွမ်းယောင်က ပေးပြီးပစ္စည်း ပြန်ယူရင် ယူလိမ့်မည်။ ယူပြီးပစ္စည်းတော့ လင်တစ်ဒါဇင် ရရင်တောင် ပြန်ပေးမည့် သူမျိုးမဟုတ်ချေ။

လိုအပ်သမျှ ပစ္စည်းတွေ ပြန်ဝယ်ယူရန် နောက်တစ်နေ့မှာပဲ သူမီနိမားကတ်သို့ လာခဲ့ရတော့သည်။ သူလာတဲ့အချိန်က မနက်စောလွန်း၍လားမသိ။ လူတောင် သိပ်မရှိသေး။

လိုအပ်တဲ့ ပစ္စည်းများကို ရွေးယူရင်း တိုးတိုးကျိတ်ကျိတ် အသံများ ကြားမိပေမယ့် သူလှည့်မကြည့်မိ။ သူက တခြားသူကိစ္စဆို နည်းနည်းလေးမှ စိတ်မဝင်စားတဲ့သူ တစ်ယောက်မလား။

" အဒေါ်ကြီး ခင်ဗျား ယောက်ျားက ထွက်ပြေးတာမလား "

" မဟုတ်ပါဘူး သူပြန်လာမှာပါ "

" သူ ပြန်မလာရင် သိတယ်နော် ခင်ဗျားရော ခင်ဗျားသားရော အကောင်းနေရမယ် မထင်နဲ့ "

" မင်းတို့ငွေတွေ အဒေါ်တို့အကုန် ပြန်ဆပ်နိူင်တယ် အဒေါ့်သားကိုတော့ ဆွဲမထည့်နဲ့ "

Something in the dark ( completed )Where stories live. Discover now