( 16 )

20.2K 2K 124
                                    

unicode

ငြိမ့်ညောင်းသော တီးလုံးသံပေမယ့် ငှက်ဆိုးထိုးသံကဲ့သို့ ကျက်သရေအဖြာဖြာတုံးသော နာရီနှိုးစက်သံကြီးက ရှောင်းကျန့် တစ်ခန်းလုံး ဆူညံနေတော့သည်။

ဒီနေ့ သူနားခဲ့တာ တစ်ပတ်တိတိ ပြည့်ပြီဖြစ်၍ အလုပ် သွားရတော့မယ့်နေ့ ရောက်ခဲ့ပြီ။ ပြီးတော့ ဒီနေ့က သူတို့ကုမ္ပဏီနှင့် ပူးပေါင်းမည့် ကုမ္ပဏီမှ တာဝန်ရှိ အရေးကြီး ပုဂ္ဂိုလ်များ လာမည်ဖြစ်ရာ ကုမ္ပဏီအကြောင်း ရှင်းပြဖို့ presentation တောင် လုပ်ရဦးမည်တဲ့။

တော်သေးတာပေါ့ သူက presenter မလုပ်ရဘဲ power point ရှင်းလင်းချက် အတွက် လိုအပ်တဲ့ ဒေတာပဲ စုပေးလိုက်ရတဲ့ သူဖြစ်နေလို့။

အော်ဟစ်နေသည့် alarm ကို မထုရုံတစ်မယ် ဆောင့်ပိတ်လိုက်သည်။

" ဒုန်း "

" ဝါး "

အိပ်ရာပေါ်က မဆင်းမီ လုပ်နေကျအတိုင်း ခန္ဓာ ဒလိမ့်ခေါက်ကွေးနှင့် တစ်ချက်သမ်းသည်။ တစ်ပတ်တိတိ နားပြီးပြီဖြစ်သော ခန္ဓာကိုယ်က နာကျင်မှုများလည်း မရှိတော့ချေ။ ပြီးမှ အိပ်ချင်မူးတူးနှင့် ရေချိုးခန်းထဲ ဝင်လာခဲ့တော့သည်။

တစ်ပတ်လုံး မနက်စောစောဆို မျက်နှာမမြင်ရသော အဖေ့နဲ့ ဒီနေ့မနက်မှ မနက်စာအတူ ထိုင်စားရသည်။

" ဒီနေ့ အလုပ်သွားရတော့မှာလား "

" ဟုတ်တယ် ပါး အလုပ်က နားလိုက်ဆိုတော့လည်း နားလိုက်တာ ပျင်းသွားတာပဲ "

" ကားယူသွားမလား ပါးဘတ်စ်နဲ့ပဲ သွားလိုက်တော့မယ် "

" ရတယ် ကားမမောင်းချင်ဘူး ပါးပဲ ယူသွားလိုက် မားနဲ့အတူသွားမှာမလား "

" အေး ကျေးဇူးပဲ စား စား မနက်စာ စားတော့ "

" အင်း "

အမေပြင်ပေးထားသော တူနာဆန်းဒွစ်ချ်နဲ့ ကော်ဖီကို အဖြစ်လောက်သာ စားပြီးသူအိမ်ထဲက ထွက်လာခဲ့တော့သည်။

အပြင်မှာ နေရောင်မြင်ရပေမယ့် ရာသီဥတုကတော့ ချမ်းစိမ့်စိမ့်ပါပဲ။ ဟိုးဝေးဝေးကြီးကို မျှော်ကြည့်ရင်တော့ မြေပြင်ကနေ မိုးတိမ်များလို ခပ်မှိုင်းမှိုင်းဖြစ်နေသော လေထုညစ်ညမ်းမှု လက္ခဏာများကို တွေ့နိူင်သည်။

Something in the dark ( completed )Tahanan ng mga kuwento. Tumuklas ngayon