( 15 )

20.9K 1.9K 67
                                    

unicode

လူများစွာနဲ့ တစ်နေကုန် ဆက်ဆံခဲ့ရသော သူ့ရဲ့စိတ်က နွမ်းလျနေပြီဖြစ်သည်။ အိမ်ပြန်ချိန်ကို ညွှန်ပြသော ညဆည်းဆာက ဒီနေ့မှ လွမ်းမောစရာများနှင့် ခြယ်မှုန်း ထားလေသလား။ ပုစွန်ဆီရောင် နီကျင့်ကျင့် ကောင်းကင်အောက်မှ တလက်လက်ဖြစ်နေသော လျှပ်စစ်မီးရောင်များကို ကြည့်ကာ သူ ဘာကိုရည်ရွယ်မှန်းမသိဘဲ သက်ပြင်းအသာချမိသည်။

" မောသွားပြီလား ရိပေါ်  "

ဘေးနားက ကွမ်းယောင်အမေးကိုကြားမှ ကားမှန်ပြတင်းပေါက်မှ တစ်ဆင့် အပြင်ကို ငေးကြည့်နေသော သူ လှည့်ကြည့်ကာ ခေါင်းခါပြလိုက်သည်။

သူသက်ပြင်းချတာ မောလို့ ချမိတာမဟုတ်။ သူ့အတွက် အိမ်ပြန်ချိန်က အထီးကျန်ခြင်းများနဲ့သာ နွယ်ဆက်နေတတ်လို့။

ညနေ အိမ်ပြန်ရောက်ပေမယ့် ဘယ်သူမှ ကြိုဆိုခြင်းမရှိသည့် အိမ်တံခါးကို ဖွင့်လိုက်သည့်အခါတိုင်း ပင်မခလုတ်ပိတ်ထားသဖြင့် မှောင်နေသော အမှောင်ထုကသာ သူ့ကိုဆီးကြိုလေ့ရှိသည်။ သူက အမှောင်မကြိုက်။ အမှောင်ထဲရောက်တိုင်း စိတ်မသိုးမသန့်မှုကို ခံစားရသည်။

အမှောင်ထဲတွင် အလွတ်ရနေသော ပင်မခလုတ်ကို စမ်းဖွင့်ရင်း မီးများလင်းလာလျှင်လည်း သူ့ကို အထီးကျန်ခြင်းကသာ စောင့်ကြိုတတ်သည်။

# မင်း အိမ်မွေးတိရစ္ဆာန်လေးပဲ ဖြစ်ဖြစ် မွေးထားပါလား မင်းအိမ်ပြန်လာမှာကို စောင့်မျှော်တဲ့သူ ရှိတာပေါ့ #

သူအိမ်ပြန်ရောက်ရင် အထီးကျန်သလိုပဲ ဆိုတဲ့အကြောင်းကို အရက်မူးမူးနဲ့ ဖွင့်ပြောမိခဲ့တော့ ကွမ်းယောင်က ထိုကဲ့သို့ အကြံပေးဖူးခဲ့သေးသည်။

စိတ်မကောင်းပေမယ့် ထိုအကြံက သူနဲ့မကိုက်ညီခဲ့ပါ။ ခရီးများထွက်ရတတ်သော ဒါမှမဟုတ် ခြေဦးတည်ရာ ခရီးနှင်တတ်သော သူ့အတွက် နေ့တိုင်းပြုစု စောင့်ရှောက်ပေးနေရမယ့် အိမ်မွေးတိရစ္ဆာန်လေးက ရှိနေဖို့ အဆင်ပြေမည်မဟုတ်။

အဲဒီအတွက် အဲဒီအိမ်မွေးလေးနဲ့ အမြဲတမ်းတူတူရှိမယ့် အိမ်အကူ တစ်ယောက်လား။ ပိုဆိုးပါသည်။ ဘယ်သူမှမရှိသော အိမ်ကသာလျှင် သူ့အတွက် သက်ထောင့်သက်သာ ဖြစ်သည်ဟု ခံစားရသည်။

Something in the dark ( completed )Where stories live. Discover now