( 58 )

17.7K 2.3K 207
                                    

unicode

ရိပေါ်ရဲ့ ဝန်ခံချက်အပြီး သူတို့လေးယောက်ကြားက လေထုက ဘာစကားသံမှ မရှိဘဲ ခဏတာမျှ တိတ်ဆိတ်သွားခဲ့သည်။ အမေကတော့ လုပ်နေကျပုံစံအတိုင်း တစ်ခုခု ပြောတော့မလိုပြင်လိုက် မပြောရသေးခင် ခေါင်းခါငြင်းလိုက်နဲ့ ဘာစကားမှ ထွက်မလာခဲ့။

နောက်ဆုံးလည်း စိတ်မရှည်သူ သခင်လေးရဲ့ လေသံသာ ထပ်ထွက်လာခဲ့သည်။

" ကျွန်တော် ရှောင်းကျန့်ကို တစ်သက်လုံးစောင့်ရှောက်နိူင်ပါတယ် အဲဒါကြောင့် ယုံကြည်လို့ရတယ် "

ရိပေါ်မှာလည်း ကြားဖူးသမျှ မှတ်ထားသမျှ နည်းလမ်းတွေနဲ့ ခွင့်ပြုချက် တောင်းတာပါပဲ။ ချစ်သူကို မိဘဆီက တောင်းသည့်အခါ ဒီလိုပဲ ပြောကြတာမလား။

သူကတော့ သူ့ရဲ့မားနဲ့ပါးဆီက ထွက်လာမည့်စကားကိုသာ မကြားချင်တော့သဖြင့် မျက်နှာလွှဲမိသည်။

" အဲဒါကြောင့် လွီဖေးကို လက်မထပ်ချင်တာလား ဒါဆိုလည်း အစကတည်းက ဘာလို့မပြောတာလဲ "

ပါးရဲ့ ပထမဆုံးဆိုသံက ဒေါသသံမပါပေမယ့် အားမလို အားမရသံတော့ပါသည်။ သူ မျှော်မှန်းထားသလောက် အခြေအနေ မဆိုးဘူးဟုဆိုရမည်။ 

" လွီဖေးကို လက်မထပ်ချင်ဘူးလို့ သား အစကတည်းက ပြောသားပဲ မနေ့က လက်ထပ်မယ်လို့ ပြောတာကလည်း အခြေအနေတစ်ခုကြောင့် ဒါပေမယ့် အဲဒီအခြေအနေကြောင့် သားနဲ့ရိပေါ်  အနာဂတ်ကို မဖျက်ဆီးချင်တော့ဘူး ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပြီ "

သူလည်းပြောရင်းနဲ့ အားပါသွားတော့ အဆုံးထိရောက်သွားလေသည်။ သူလည်း ပြောချင်သည့်အရာများကို မထိန်းချုပ်ချင်တော့။

ရိပေါ်ကတော့ ကျေနပ်သွားသလိုနှင့် သူ့ဘက် လှည့်ပြုံးပြသည်။

" ဟုတ်ပြီ မားကတော့ သဘောတူတယ် သားလေးရိပေါ်ကို အစကတည်းက သဘောကျတယ် "

လုံးဝမမျှော်လင့်ထားသော မားရဲ့စကားလုံးများက သူ့အတွက် အနှိုင်းမဲ့ပျော်ရွှင်မှုကို ဖန်တီးပေးသည်။

" မား "

သူ ဝမ်းနည်းဝမ်းသာ ခေါ်သံကြောင့် မားက အားပေးသလိုနှင့် ထပ်ပြုံးပြသည်။

Something in the dark ( completed )Where stories live. Discover now