( 51 )

19.8K 2.2K 283
                                    

unicode

ရီဝေဝေ ထိုင်းမှိုင်းမှိုင်းဖြစ်နေသော ဝေဒနာကို ဥပေက္ခာပြုရင်း ရှောင်းကျန့် မျက်လုံးဖွင့်ကြည့် လိုက်သည်။ ပထမဆုံး မြင်ရသည်က မျက်နှာကြက်မှ drum chandelier။

သူ့အခန်းမဟုတ်ဘူးပဲ။

ညနေက ရိပေါ်လာခဲ့သည်ကိုလည်း ချက်ချင်းအမှတ်ရလာသည်။ ထထိုင်မည် လုပ်လိုက်မှ သူ့လက်တစ်ဖက်စီက ကုတင်ခေါင်းရင်းမှာ လက်ထိပ်ခတ် ခံထားရကြောင်း သိလိုက်သည်။

ရိပေါ်လက်ချက်ဖြစ်ကြောင်း မေးကြည့်စရာ မလိုတော့။

အဝတ်အစားများကတော့ အရာမယွင်းဖြစ်သဖြင့် ရိပေါ်က ဘာမှမလုပ်ထားသည်တော့ သေချာသည်။ ဘေးဘီဝေ့ကြည့်ပေမယ့် သက်မဲ့ပစ္စည်းများကလွဲ၍ ဘာမှမရှိ။ ပတ်ဝန်းကျင်ကလည်း အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်နေသည်။

နံရံပေါ်ချိတ်ထားသည့် နံရံကပ်နာရီရဲ့ လက်တံသွားသံ တချပ်ချပ်က အထင်းသား။ နာရီလက်တံများကတော့ ၇ နာရီ ၂၅ ဖြစ်ကြောင်း ညွှန်ပြနေကြသည်။

ညရောက်သွားပြီပဲ။

အိပ်ရာပေါ်က ထလည်းမရဘဲ မိနစ် ၂၀ လောက်ထိ နေလိုက်မှ ရိပေါ်က အခန်းထဲ ဝင်လာခဲ့သည်။ ရိပေါ်ရဲ့ ဆံပင်များက ရေစိုခြောက်စ ဆံပင်များကဲ့သို့ ပွယောင်းယောင်း ဖြစ်နေရာ ရိပေါ်ရေချိုးလာတာ သိပ်မကြာသေးကြောင်း သူ ရိပ်မိလိုက်သည်။

" နိုးနေပြီပဲ "

ဆိုသံလေးက တကယ်အေးအေးလေး။

" မင်း ဘာလုပ်ထားတာလဲ ရိပေါ် "

" ဖမ်းချုပ်ထားတာ မသိသာသေးလို့ မေးနေတာလား အဲဒီခြေနှစ်ချောင်းပါ ချုပ်ထားပေးရမလား "

" ငါ့ကိုလွှတ်ပေး "

သူ့ရဲ့ခပ်ဆတ်ဆတ်ပြောသံကို နှုတ်ခမ်းတစ်ဖက် တွန့်တက်ရင်း ပြုံးပြတုံ့ပြန်သည့် ရိပေါ်က တကယ့်နတ်ဆိုးပုံစံ။

" လွှတ်ပေးမလို့ဆိုရင် ခေါ်တောင် မခေါ်လာဘူး "

ပြောရင်း သူ့ဘေးနားက ကုတင်နေရာလွတ်မှာ လာထိုင်သည်။

" မင်း ဒီလိုလုပ်တာနဲ့ ပြဿနာတွေက ပြီးသွားမယ် ထင်လား "

" အင်း ထင်တယ် "

Something in the dark ( completed )Where stories live. Discover now