( 46 )

14.8K 1.9K 87
                                    

unicode

အရင်တုန်းက ရိပေါ် အီတလီသွားသည်ဆိုသော သတင်းကို ပျော်ခဲ့သည့်သူက အခု ရိပေါ်ဒိန်းမတ်သွားပြီဆိုသာ အသိမှာတော့ မပျော်နိုင်တော့။

မသွားခင်တစ်ရက်ကတော့ သူ့ weibo ကိုမေးပြီး ရိပေါ် follow လုပ်သွားသေးသည်။ ရိပေါ် weibo ကိုဝင်ကြည့်တော့ ဘာဆိုဘာမှ ရှိမနေ။ ရိပေါ်ဟာ တခြားသူတွေထက် ကွဲပြားသထက် ကွဲပြားဆဲပါပဲ။

သွားတဲ့နေ့ကတော့ သွားပြီဖြစ်ကြောင်း ပြောသွားပေမယ့် ဒိန်းမတ်ကို ဘယ်အချိန် ရောက်သွားမှန်းတော့ အသိမပေးခဲ့ပါ။

အေးလေ . . . ရိပေါ် လေယာဉ်စီးရတဲ့ အချိန်တွေကလည်း နည်းမှမနည်းဘဲ။ တစ်နေကုန် လေယာဉ်စီးသွားရတဲ့ သူက နားချင်မှာပဲလေ။ တကူးတက ရောက်ကြောင်း သတင်းပို့နေဖို့ ဘယ်သတိရပါ့မလဲ။

ရှောင်းကျန့် ကိုယ့်အတွေးနဲ့ကိုယ် ဖြေသိမ့်မိသည်။

နောက်တစ်နေ့ Beijing စံတော်ချိန် ည ၈ နာရီခွဲ လောက်မှ ရိပေါ်က online ကနေ ဖုန်းခေါ်လာခဲ့သည်။ စာတိုတစ်ကြောင်းမှ မပို့ခဲ့ပေမယ့် တန်းခေါ်တော့လည်း ဗီဒီယို call။

ပထမဆုံး ဖုန်း screen မှာ မြင်ရသည်က ဆံပင်များ တလွှင့်လွှင့်ဖြစ်နေသည့် နားကျပ်တပ်ထားသော ရိပေါ်ရဲ့ မျက်နှာချောချောလေး။

" အိမ်မှာလား ရှောင်းကျန့် "

" အင်း အခုချိန်အိမ်မှာပေါ့ ဒီမှာက မှောင်နေပြီလေ "

" ဒီမှာတော့ နေ့လည် ၂ နာရီခွဲပဲ ရှိသေးတယ် ဒါပေမယ့် တိမ်ထူနေတော့ နည်းနည်းအေးတယ် "

သူမြင်ရသော ရိပေါ်ရဲ့ background က ရောင်စုံအိမ်လေးများ။ ရွေ့လည်းရွေ့သွားနေသေးသည်။ စက်သံလည်း ကြားရသည်။

ရိပေါ်က ဘယ်သွားနေတာလဲ။

" ရိပေါ် မင်းဘယ်မှာလဲ "

" Copenhagen မှာလေ "

" မင်း Denmark , Copenhagen သွားတာ သိပါတယ် အခု ရောက်နေတာ ဘယ်နေရာလဲ မေးကြည့်တာ နောက်က အိမ်လေးတွေလှတယ် "

သူ့စကားကို သဘောကျသလိုနှင့် ရိပေါ်က ပြုံးပြီး ဖုန်းကို ပိုထောင်ပြသည်။ အိမ်လေးများကိုပင် လှည့်ပတ်ပြလိုက်သေး။ ထိုအခါမှ ရိပေါ်ရောက်နေတာက canal တစ်ခုဖြစ်ကြောင်း ရိပ်မိတော့သည်။ တခြား မော်တော်ဘုတ်တွေလည်း အနားမှာ ရှိတာ မြင်ရလေသည်။

Something in the dark ( completed )Where stories live. Discover now