201

2.6K 88 3
                                    

Uni
=======
အပိုင်း(၂၀၁)        ခရမ်းရောင်မိုးကြိုး

      ကျားရိုင်းအဖွဲ့အစည်းကလူတွေထွက်သွားတာတောင် ကိစ္စကတော့ဒီအတိုင်းမပြီးသွားပါဘူး

     လနက်မြို့ရဲ့အဓိကမြေအောက်အဖွဲ့အစည်းကလူတွေတစ်ယောက်ပြီးတစ်ယောက်ရောက်လာပြီး ရှပင်နဲ့အလဲအဖယ်လုပ်ဖို့ ကြိုးစားကြကာ ပိုက်ဆံအများကြီးသုံးပြီး ဘုရင်အဆင့်လျှို့ဝှက်ကျင့်စင်နဲ့ လည်ပတ်မှုကိုးခုမူလကျင့်ကြံခြင်းဆေးဝါးကို ဝယ်ယူချင်ကြပါတယ်

    ဒါပေမယ့်လည်းဒီလူတွေကခြင်္သေ့ပါးစပ်ကြီးလိုလောဘကြီးကာ စျေးအမြင့်ဆုံးပေးတဲ့သူတောင် ဒေါ်လာသန်း၅၀၀ဘဲပေးပါတယ် အဲ့ထက်ကျော်လွန်ပြီး ဘယ်သူမှမပေးကြပါဘူး

    ရှပင်ကလည်းအရူးမဟုတ်တဲ့အတွက် ဒီလိုအလိမ်အလဲအလှယ်မျိုးကို သဘောတူဖို့မဖြစ်နိုင်ဘဲ အပြီးအပြတ်ငြင်းလွှတ်ပြီးတော့ ဒီလူတွေကိုမျက်စိမနောက်အောင် မောင်းထုတ်ပစ်လိုက်တယ်

    ဒီမြေအောက်ဂိုဏ်းသားတွေက အရှက်ကွဲပြီးဒေါပွကာ ရန်မူတဲ့စကားတွေပြောပြီး ရှပင်ကိုလနက်မြို့ကမထွက်နိုင်အောင်လုပ်မယ်လို့ ကြုံးဝါးလိုက်တယ် ရှပင်မျှော်စင်နက်ရဲ့အကွာအဝေးအပြင်ကိုထွက်တာနဲ့ ချက်ချင်းလဲလမ်းမပေါ်မှာ အချိန်မတိုင်ခင်သေရမယ်လို့ ပြောဆိုသွားကြပါတယ်

   ဒါပေမယ့်သူတို့တွေက ဒီနေရာမျှော်စင်နက်မှာ တော့ ဘာမှမလုပ်ရဲကြဘဲ မျက်နာတွေမဲပြီးထွက်သွားလိုက်ကြတယ်

   "မျှော်စင်နက်အကွာဝေးအပြင်ကိုထွက်တာနဲ့သေမှာပေါ့လေ စိတ်ဝင်စားစရာဘဲ ဒီမြေအောက်ဂိုဏ်းသားတွေကငါ့နဲ့ဘယ်လိုရင်ဆိုင်မလဲဆိုတာကြည့်ချင်နေပြီ" ရှပင်မျက်လုံးတွေလတ်သွားပြီး မျှော်စင်နက်အပြင်ကိုခြေလှမ်းကြီးတွေနဲ့ ထွက်လာလိုက်တယ်

    ခနအကြာမှာသူက မျှော်စင်နက်ရဲ့အရှေ့လေူထောင့်ပုံကွင်းပြင်ကျယ်ကိုရောက်လာပါတယ် ဒီစတုရန်းကိုကျော်သွားတာနဲ့ မျှော်စင်နက်ရဲ့လွှမ်းမှိုးမှုကနေ ကျော်သွားပါပြီ

    အဲ့ချိန်ကျရင်ဘယ်သူတွေဘဲ တိုက်ခိုက်တိုက်ခိုက် မျှော်စင်နက်အာရုံစိုက်တော့မှာမဟုတ်ပါဘူး

God level demon(201-ongoing)Where stories live. Discover now