289+290+291+292

523 72 1
                                    

အပိုင်း(၂၈၉)  လူတွေရဲ့အချစ်ခံရသူ

     ရှချွမ်းလူရဲ့ အင်တာဗျူးကိုတီဗီမှာတိုက်ရိုက်ထုတ်လွှင့်တဲ့အစီစဥ်က အင်တာနက်မှာပြန့်သွားပြီး အင်တာနက်အသုံးပြုသူတွေကြားမှာဆူညံသွားပါတယ်  

     "လခွမ်း ရှပင်ကိုလူပျိုရည်မပျက်သေးဘူးလို့ ဒီလူတကယ်ဘဲပြောရဲတယ်နော် အမျိုးသမီးကြယ်ပွင့်ချန်းမေခွန်လိုနာမည်ကျော်သရုပ်ဆောင်တွေကို ရှပင်လုပ်ခဲ့တာရောသူမပြောတော့ဘူးလား သူမရှက်တတ်ဘူးလား"

    "အခုရှပင်ရဲ့မကောင်းတဲ့လုပ်ရပ်တွေကို မသိတဲ့သူဘယ်သူရှိလို့လဲ အမျိုးသမီးဘယ်လောက်များများသူဖျက်ဆီးတာ ခံခဲ့ရလဲမသိဘူး အဲ့တာကိုဒီမျိုးမစစ်က မထင်မှတ်ဘဲရှပင်အပြစ်ကင်းကြောင်းလာပြောနေတယ် ဒီရှပင်အဖေကိုကြည့်ရတာ လူကောင်းဟုတ်မဲ့ပုံမပေါ်ဘူး ဘာလို့သူ့နာမည်ကို နိမ့်ကျတဲ့ရှလို့မပေးထားရတာလဲ?"

    "အမူအရာက လူကိုဖော်ပြတယ်တဲ့ ငါကြားတာတော့ဒီလူက မြို့နယ်စီမံအုပ်ချုပ်ရေးဖြစ်ပြီးမကြာခနဆိုသလိုလင်ယောကျာ်းတွေကိုအကြမ်းဖက်ပြီး သူတို့ရဲ့ဇနီးမယားတွေကိုအဓမ္မသိမ်းပိုက်ကာ လမ်းဘေးစျေးသယ်တွေကိုမောင်းထုတ်တဲ့လူတဲ့ သူကမကောင်းမှုပေါင်းစုံလုပ်ထားတာကြောင့် လူထုရဲ့မကျေနပ်ချက်တွေဆူပွက်နေကြတယ်"

    "ရှပင်ဒီလိုမကောင်းတဲ့ကောင်ဖြစ်နေတာ ကိုသွားအပြစ်တင်လို့မရဘူး လတ်စတတ်တော့မျိုးရိုးအလိုက်ဆင်းသက်လာတဲ့အမွေဆက်ခံထားတာကိုး"

    "အဲ့လိုမျိုးမစစ်တောင် မထင်မှတ်ဘဲမိန်းမရသွားသေးတယ် ဘာလို့ငါလိုတင့်တယ်တဲ့လူက တစ်ယောက်တည်းဖြစ်နေရတာလဲ တကယ်ဘဲလောကရဲ့တရားမျှတမှုဆိုတာမရှိတော့ဘူး"

   "ပြောရမှာထူးတော့ထူးဆန်းနေတယ် ဒီလူရဲ့မိန်းမကလည်း လမ်းဘေးစျေးသည်ဘဲလေ ဘယ်လိုလုပ်သူတို့နှစ်ယောက် အတူတူနေဖြစ်သွားတာလဲ"

    "ကောလဟာသတွေအရဆို ရှချွမ်းလူကအရပ်သားတွေကိုဖိနှိပ်ပြီး သူမကိုအတင်းအဓ္ဓမသိမ်းပိုက်လိုက်တာတဲ့"

    "မအိမ်လုံး အရှက်မရှိလိုက်တာ ဒါအာဏာကိုအလွဲသုံးစားလုပ်တာမဟုတ်လား?"

God level demon(201-ongoing)Where stories live. Discover now