453+454+455+456+457+458+459+460+461+462

426 57 2
                                    

အပိုင်း(၄၅၃) လူထုကို ကောလဟာသတွေနဲ့ လိမ်လည်လှည့်စားခြင်း

   "ခွန်အားကြီးလိုက်တာ"
    ပတ်ဝန်းကျင်က လူတွေထိတ်လန့်သွားကြတယ် တစ်ချက်တည်းနဲ့ သိုင်းဆရာသုံးလေးယောက်ကို ခုခံနိုင်စွမ်းမရှိအောင် သတ်ပြစ်နိုင်တဲ့ တိုက်ရည်ခိုက်ရည်က အလွန်ကြောက်စရာကောင်းပါတယ်

    အဓမ္မဂိုဏ်းသားတွေလဲ မှင်တက်နေကြပါတယ် ဒီကောင်လေးသတ်လိုက်တဲ့လူတွေကအဓမ္မဂိုဏ်းရဲ့ ကျွမ်းကျင်သူတွေဖြစ်ပြီး ဂိုဏ်းလူကြီးတွေလောက် ခွန်အားရှိသူတွေဖြစ်ကြပါတယ် ဒါပေမဲ့အခုတော့တစ်ချက်တည်းနဲ့ ဒီကောင်လေးသတ်တာခံလိုက်ရပြီး ဒါကအရမ်းကြောက်စရာကောင်းပါတယ်

   "အခုပထမဆုံး အတိုးနည်းနည်းအရင်ကောက်လိုက်မယ် မင်းတို့အားလုံးဒီနေရာမှာ အကုန်သေကြတော့" အဓမ္မဂိုဏ်းဝင်ပေါက်ဝမှာရှိတဲ့ ဂိုဏ်းသားတွေအကုန်လုံးကို နက်ရှိုင်းတဲ့သတ်ဖြတ်ခြင်းအော်ရာတွေနဲ့ ရှပင်ကြည့်လိုက်တယ် ဒီအဓမ္မဂိုဏ်းလက်ပါးစေတွေအားလုံးကို သူဖျက်ဆီးပစ်မှာပါ

   ဘာ?
   အဓမ္မဂိုဏ်းသားတွေအကြီးကျယ် ကြောက်ရွံ့ပြီးတစ်ကိုယ်လုံး တုန်လှုပ်ကာ နောက်ကို ဆက်တိုက်ဆုတ်လိုက်ကြတယ် အကယ်၍ဒီဗီလိန် အားကုန်ထုတ်သုံးမယ်ဆိုရင် သူတို့အကုန်သေရမှာပါ

   "ရက်လိုက်စမ်း!"
    ရုတ်တရက်သားရိုင်းတစ်ကောင်လို ဒေါသနဲ့ အော်သံထွက်လာပြီး ပတ်ဝန်းကျင်မှာရှိတဲ့မှန်တွေအားလုံးကျိုးပဲ့ကာ အဓမ္မဂိုဏ်းဌာနချုပ်ထဲကနေ လူဆယ်ယောက်ကျော် ထွက်လာကြပါတယ်

   ဒီလူတွေတစ်ယောက်ဆီမှာ သိုင်းဆရာအဆင့်ခွန်အားတွေရှိကြပြီး ခွန်အားအကြီးဆုံးက ကောင်းကင်ဘုံအလွှာအဆင့်၄ဖြစ်တဲ့ ဂိုဏ်းခေါင်းဆောင်ရှလင်ဒါနဲ့အတူ အမဲရောင်အဝတ်အစားနဲ့ မန်နေဂျာလဲပါပါတယ်

   ထို့အပြင်အဓမ္မဂိုဏ်းလူကြီး ဆယ်ယောက်ကျော်ပါပြီး ဒီလူတွေကအဓမ္မဂိုဏ်းရဲ့ စစ်မှန်တဲ့ လက်ရွေးစင်တွေဖြစ်ပါတယ်

   ရန်သူကအဓမ္မဂိုဏ်းဌာနချုပ်အပါက်ဝကို ရောက်လာတာကြောင့် သူတို့တွေအထဲမှာ မထိုင်နေနိုင်ကြတော့ဘဲ ဌာနချုပ်ထဲကထွက်လာပြီး လက်စားလာချေတဲ့ ရှပင်ကိုဝိုင်းလိုက်ကြတယ်
  
   လမ်းပေါ်မှာပုံနေတဲ့ အလောင်းတွေကိုတွေ့တာနဲ့ ဂိုဏ်းခေါင်းဆောင် ရှလီဒါမျက်နှာထား ချက်ချင်းပြောင်းသွားပြီး ဒေါနဲ့မောနဲ့ပြောလိုက်တယ် "အား, ခွေးမသားကောင် ငါ့အဓမ္မဂိုဏ်းကလူကို လာသတ်ရဲတယ် ငါမင်းကိုလုံးဝအလွတ်မပေးဘူး"

God level demon(201-ongoing)Where stories live. Discover now