305+306+307

419 63 0
                                    

အပိုင်း(၃၀၅)   ကျွမ်းကျင်တဲ့သိုင်းသမားမဖြစ်လာနိုင်ဘူး

    "အရှက်မရှိလိုက်တာ မထင်မှတ်ဘဲစီမံအုပ်ချုပ်ရေးဌာနကိုအသိပေးလိုက်တယ်ပေါ့လေစီမံအုပ်ချုပ်ရေးဌာန စည်းမျဥ်းနဲ့ငါတို့ကိုဖိနှိပ်ချင်တာလား?"

    "ဒီကောင့်မှာနောက်ခံမရှိဘဲ နောက်ကွယ်ကကြိုးကိုင်တဲ့လျို့ဝှက်ကြံစည်မှုမရှိဘူးလို့ပြောရင် ဘယ်သူမှမယုံဘူး"

     "ရမှတ်၅၀၀၀ နဲ့သက်သေရှာရအောင် ငါတို့ဘယ်တုန်းက အဲ့လောက်မိုက်မဲသွားတာလဲ?"

    "ဒါဆင်ခြေပေးပြီး ငါတို့ပါးစပ်ကိုပိတ်ချင်တာ ထင်ရှားတယ်"

    "ဒါနိုင်ထက်စီးနင်းလုပ်တာမဟုတ်ရင် ဘယ်ဟာဟုတ်အုံးမှာလဲ?"

     ကောင်းကင်တိမ်တိုက်ကမ္ဘာကကျောင်းသားတွေက မျက်နှာတွေအလွန်အမင်းသုန်မှုန်ပြီး မတရားခံစားနေရပါတယ် ဒါပေမဲ့လည်း ထုတ်မပြောရဲကြပါဘူး ဘာကြောင့်လဲဆိုတော့ ကျောင်းရဲ့စီမံအုပ်ချုပ်ရေးဌာနက အမိန့်ထုတ်ထားတာကြောင့် ပြဿနာရှာရဲတဲ့လူက သေချာပေါက်အပြစ်ပေးခံရမှာပါ

    ကျောင်းသားသစ်တွေအတွက်တော့ ဒီအမိန့်ကကြောက်ရွံ့ထိတ်လန့်စရာဖြစ်ပြီး  ဘယ်သူမှအမိန့်မဖီဆန်ရဲကြပါဘူး

    "ငါနားလည်ပြီ"
     ကျောင်းသားတစ်ယောက်က ရုတ်တရက် သဘောပေါက်သွားပြီး "ဒီတစ်ခါကျောင်းက ငါတို့ သက်သေရှာမှာမစိုးရိမ်ဘဲ အရမ်းဆုံးဖြတ်ချက်ပြတ်သားနေတာအံ့သြစရာမရှိတော့ဘူး ဒီကျောင်းသားသစ်ပြိိုင်ပွဲမှာ အနိုင်အရှုံးကို အမှတ်နဲ့ဆုံးဖြတ်တယ်လို့လူတိုင်းထင်ကြတယ်လေ လူအယောက်နှစ်သိန်းက အချင်းချင်းတိုက်ခိုက်ရပြီး လူတိုင်းကပွဲ၅၀တိုက်ခိုက်ရတယ် အမှတ်များတဲ့လူကအနိုင်ပေါ့"

     "ပြဿနာက ဒီထဲမှာဟာကွက်ရှိနေတာဘဲ"
    
     "အကယ်၍ဒီမျိုးမစစ်ရှပင်က ကျောင်းခေါင်းဆောင်ကိုလာဘ်ထိုးပြီး ကွမ်တမ်ဦးနှောက်ကို သူ့အတွက်တမင်တကာခွန်အားနည်းတဲ့ပြိုင်ဘက်တွေရွေးချယ်ခိုင်းလိုက်လို့ရတယ်လေ အဲ့တာဆိုဒီကောင်ကသေချာပေါက် တိုက်ပွဲအားလုံးကို တမင်တကာအနိုင်ယူလို့ရပြီ"

God level demon(201-ongoing)Where stories live. Discover now