208

424 55 0
                                    

Uni
======
အပိုင်း (၂၀၈)      လာနှုတ်ဆက်တာ

    အဲ့ဒီ့အချိန်မှာ သွေးလက်ဝါးအဖွဲ့အစည်းလက်ရွေးစင်တွေက မျှော်စင်နက်အနီးမှာရှိတဲ့ ရုံးအဆောက်ဦးတစ်ခုရဲ့ အစည်းအဝေးခန်းကျယ်တစ်ခုထဲမှာ စုဝေးနေကြပါတယ်  သူတို့တွေကဒီနေရာကနေ မျှော်စင်နက်ကိုစောင့်ကြည့်ကြတာပါ

   တစ်ခုခုဖြစ်တာနဲ့ ဒီလက်ရွေးစင်တွေကို ချက်ချင်းတပ်ဖြန့်လိုက်လို့ရပါတယ်

  "ဘန်း"
   လူလိုင်ဆက်သွယ်ရေးကိရိယာအသံမြည်ပြီး ပုံရိပ်တစ်ခုက ချက်ချင်းပေါ်လာခဲ့ပါတယ် ဒီလူရိပ်ကတော့ ရှပင်ဘဲဖြစ်ပါတယ်

    "မင်းလား?"
    သူ့ဆက်သွယ်ရေးကိရိယာမှာပေါ်လာတဲ့ လူရိပ်ကိုကြည့်ပြီး လူလိုင်ကရုတ်တရက်လန့်ပြီး မျက်နှာတွေမဲနက်သွားတယ် သူ့ကိုသတ်မယ်ဆိုရင်တောင် ရှပင်သူ့ကိုဆက်သွယ်လာလိမ့်မယ်လို့ မထင်ထားပါဘူး

    တခြားသွေးလက်ဝါးအဖွဲ့အစည်းလက်ရွေးစင်တွေကလည်း အလွန်အံ့အားသင့်သွားကြတယ် ဘာမှမပြောဘဲပျောက်ကွယ်သွားတယ်လို့ သူတို့ထင်ထားတဲ့အဖော်မဲ့သိုင်းသမားက ဒီနေရာမှာမထင်မှတ်ဘဲ ပေါ်လာခဲ့ပါတယ် ဒါဘာကြောင့်လဲဆိုတာ သူတို့မသိပါဘူး

    "ဟုတ်တယ် ငါဘဲ"
    ရှပင်ကလူလိုင်ကိုအသာကြည့်လိုက်ပြီး "မင်းလည်းသိလိမ့်မယ်လို့ငါထင်တယ် မျှော်စင်နက်ထဲမှာငါ့ကိုတစ်လတိတိဝိုင်းထားရုံတင်မကဘဲငါ့ကိုသတ်ဖို့ပါကြိုးစားသေးတဲ့အတွက် ဒီစရင်းကိုငါမင်းနဲ့ကောင်းကောင်းရှင်းရမယ်"

    "ငါနဲ့စာရင်းရှင်းမယ်?"
    အဲလိုကြားတာနဲ့ လူလိုင်က အကျယ်ကြီးအော်ရယ်ကာ "ကောင်းလေးမင်းတော့ရူးသွားပြီဘဲ တကယ်တမ်းမင်းဘာနည်းလမ်းကိုသုံးပြီးတော့ ငါတို့သွေးလက်ဝါးအဖွဲ့ရဲ့ စောင့်ကြည့်မှုကိုရှောင်ပြီးမျှော်စင်နက်ထဲကနေ မင်းထွက်သွားလဲဆိုတာငါမသိဘူး"

    "ဒါပေမယ့် မင်းထွက်ပြေးပြီးမှတော့ ကြွက်တစ်ကောင်လိုတိုးတိုးတိတ်တိတ်နဲ့ မထုတ်ဖေါ်မိစေနဲ့ အဲ့လိုဆိုရင်တော့မင်းအသက်ရှင်နိုင်လိမ့်မယ်"

   "အခုမင်းက မထင်မှတ်ဘဲငါ့ကိုခေါ်ရဲပြီးတော့ စာရင်းပါရှင်းချင်သေးတယ်ပေါ့လေ ဒီလောက်လေကြီးနေရအောင် မင်းကြက်သွန်ဖြူတွေစားထားတာလား မင်းကမဆင်မခြင်လုပ်လိုက်တဲ့ကောင်ဘဲ" 

God level demon(201-ongoing)Where stories live. Discover now