448+449+450+451+452

386 52 1
                                    

အပိုင်း(၄၄၈) ထွက်ပြေးရခြင်း

     "အိုကေ အားလုံးကိုငရဲပို့တော့မယ်"
     သူ့ကိုယ်ထဲက အစစ်အမှန်ချီတွေကိုရှပင်လည်ပတ်လိုက်ပြီး ပတ်ပတ်လည်မှာမီးတောက်ကြီးတွေထွက်လာကာ ပတ်ဝန်းကျင်လေထုထဲပြန့်သွားပါတယ် စက္ကန့်အနည်းငယ်အတွင်း လေထုလောင်ကျွမ်းသွားပါတယ်

    မီးတောက်တွေတစ်ခုပြီးတစ်ခု ပျံပြီး ပတ်ဝန်းကျင်က လေရှာသူဓားမြတွေပေါ်ကို ကျလာပါတယ် ဘန်း! ဒီလေရှာသူဓားမြတွေမရှောင်နိုင်ဘဲ ချက်ချင်းမီးစွဲသွားတော့တယ်

    ချက်ချင်း သူတို့ခန္ဓာကိုယ်တွေမီးလောင်သွားပြီး စက္ကန့်အနည်းငယ်အတွင်း ပြာဖြစ်သွားပါတယ်

   "သေခြင်းဆိုး မွန်းစတား!"
    စက္ကန့်အနည်းငယ်အတွင်း လေရှာသူဓားမြဆယ်ယောက်ကျော်ကို ရှပင်သတ်လိုက်တာမြင်တာနဲ့ ကျန်တဲ့လေရှာသူဓားမြတွေအလွန်အမင်းကြောက်လန့်တုန်လှုပ်ကာ ကျောချမ်းလာပါတယ် ရန်သူ့ချီကျင့်စဥ်က အရမ်းကြောက်စရာကောင်းပြီး သာမန်နည်းလမ်းတွေနဲ့ ခုခံဖို့မဖြစ်နိုင်ပါဘူး

    ဒီကောင်သူတို့အားလုံးကို သတ်ချင်ရင် အချိန်ဘယ်လောက်မှ ကြာမှာမဟုတ်ပါဘူး

    "ငါတို့ကို သတ်ဖို့ဆို မင်းအရင်ဆုံးသေလိုက်တော့" ရုတ်တရက် အဝေးကဟိန်းသံကြီးပေါ်လာပြီး တောင်နံရံနဲ့ဆောင့်ကာ တစ်လှမ်းမှမလှုပ်နိုင်တဲ့ ခုန်ဂေါင်က ကျောက်တုံးကျောက်ခဲတွေကြားကနေ သွေးသံတရဲရဲနဲ့ ထွက်လာပါတယ်

   သူ့မျက်နှာတွေ အလွန်ခက်ထန်စွာနဲ့ ရှပင်ကိုစိုက်ကြည့်ကာ တောင်နံရံက ခလုပ်ပုံစံကျောက်တုံးတစ်တုံးကိုကိုင်ပြီး ဖိချလိုက်ပါတယ်

   "သွားပြီ , ဒီနေရာက ဖောက်ခွဲရေးခလုတ်ကို သူဌေးနှိပ်လိုက်ပြီ" ဒါကိုမြင်တဲ့လေရှာသူဓားမြတွေအားလုံး မျှော်လင့်ချက်မဲ့သွားကြတယ် ခုန်ဂေါင်ရှပင်ကိုမခံနိုင်တော့ဘဲ တောင်ကြားစခန်းမှာတပ်ဆင်ထားတဲ့ မိုင်းကိုအသုံးပြုပြီး ရှပင်ကိုရှင်းပစ်ချင်နေတယ်ဆိုတာ သူတို့သိလိုက်ပါတယ်

   ဘုန်း ဘုန်း ဘုန်း!!!
   ချက်ချင်း ခန်းမမျက်နှာကြက်တွေကွဲထွက်ပြီး အပေါ်ကနေ လူ့တစ်ရက်မြင့်ကာ တန်ရာချီရှိတဲ့ကျောက်တုံးတွေ ကျလာပါတယ်
  
    ကျောက်တုံးတွေကတွေလေထဲကနေ ကြယ်ကြွေသလိုကြောက်စရာကောင်းတဲ့ ပြင်းအားနဲ့ကျလာပါတယ် ဒီလောက်ကျောက်တုံးအများအပြားကျဆင်းလာရင် သိုင်းဆရာတောင်မှ တဈကိုယျလုံးပျိပွားသှားမှာပါ

God level demon(201-ongoing)Where stories live. Discover now