244+245

436 72 0
                                    

အပိုင်း(၂၄၄)   အာဏာကိုအလွဲသုံးစားလုပ်ခြင်း

      "မဟုတ်ဘူး မဟုတ်ဘူး"
      ရှူယန်းရဲ့မျက်လုံးတွေက မျှော်လင့်ချက်မဲ့နေပါတယ် လက်ရှိမှာသူကဒဏ်ရာအပြင်းအထန်ရထားပြီးပါပြီ အကယ်၍အခုချိန်သာ ဟွာမြို့တော်မှာဆိုရင်ဆေးရုံကို သွားပြီး အရေးပေါ်ကုသမှုခံယူနိုင်တာကြောင့် သူ့အတွက်ဘာအသက်အန္တရာယ်မှမရှိနိုင်ပါဘူး

     ဒါပေမယ့်ဒီနေရာက ကြမ်းတမ်းတဲ့သဲအပျက်အစီးနယ်မြေဖြစ်တာကြောင့် ပတ်ဝန်းကျင်မှာ ဘာဆေးရုံမှမရှိသလို ဆေးဝါးတွေလည်းမရှိပါဘူး ဒီလိုအန္တရာယ်ရှိတဲ့ပတ်ဝန်းကျင်မှာ ရှပင်သူ့ကိုမသတ်ရင်တောင်မှဘဲ နေရောင်အောက်မှာ သူ့ဟာသူလှန်းပြီးအလောင်းခြောက်ဖြစ်သွားမှာပါ

     "ဝှစ်" ရှပင်ကရှူယန်းရှေ့ကိုရုတ်တရက်ရောက်လာပြီး ဒီရှူမိသားစုတိုက်ရိုက်မျိုးဆက်ဖြစ်တဲ့ ဟွာမြို့တော်ဝန်သားကို အပေါ်စီးကနေကြည့်လိုက်တယ်

     "ရှပင်"
      ရှူယန်းကခေါင်းမော့ပြီး ရှပင်ကိုစိုက်ကြည့်ကာ ဒေါသနဲ့ "မင်းဘာလုပ်ချင်တာလဲ ငါ့ဝမ်းကွဲညီကို ရှူရန်ကျီအန်ကိုသတ်ရုံတင်မကလဲ ငါ့ကိုပါသတ်ချင်နေတာလား မင်းငါတို့ရှူမိသားစုနဲ့ အသက်ရန်ငြိုးရှိတဲ့ရန်သူ ဖြစ်ချင်တာလား"

     "မင်းကိုရိုးရိုးသားသားပြောရရင် ငါရှူယန်းက မင်းသတ်လို့ရမဲ့ပုဂ္ဂိုလ်ကြီးမျိုးမဟုတ်ဘူး တကယ်လို့မင်းငါ့ကိုထိရဲတာနဲ့ ငါ့ရှူမိသားစုကမင်းကိုလုံးဝအလွတ်ပေးမှာမဟုတ်ဘူး"

    "မင်းရဲ့မိဘတွေ ဆွေမျိုးသားချင်းတွေက သေချင်စိတ်ပေါက်လောက်အောင် နှိပ်စက်ခံရလိမ့်မယ်ဆိုတာသိလား ဧရာမကုမ္ပဏီတောင်မင်းကိုကာကွယ်ပေးနိုင်မှာမဟုတ်ဘူး ငါ့စကားနားလည်ရင် ချက်ချင်းငါ့ကိုလွှတ်ပေးလိုက်"  

     သူ့မျက်နှာတွေ ခက်ထန်စွာနဲ့ ရှပင်ကိုခြိမ်းခြောက်ဖို့ကြိုးစားလိုက်တယ်

    "ဆူညံလိုက်တာ"
     ရှပင်က ဘာစကားမှထပ်မပြောတော့ဘဲ လေပေါ်ကိုလက်မြှောက်တာနဲ့ ဝက်ဝံတစ်ကောင်အော်သံထာထွက်လာပြီး ရှူယန်းခေါင်းကိုရိုက်ချလိုက်တယ်

God level demon(201-ongoing)Where stories live. Discover now