473+474+475+476+477+478+479+480

344 40 0
                                    

အပိုင်း(၄၇၃) အနက်ရောင်ကင်းမြီးကောက်အဆိပ်

   "ခွေးမသား, ငါမင်းကိုသတ်မယ်"
    ရှီရှီစန် ဟိန်းလိုက်တယ် အစတည်းကသူ့နောက်လိုက်နောက်ပါအမြောက်အများကို သတ်ခဲ့ပြီး သူနှစ်ပေါင်းများစွာပြင်ဆင်ခဲ့တဲ့ အစီအစဥ်ကိုလည်း ဖျက်ဆီးခဲ့တဲ့အတွက် ဒီလူသားခန္ဓာကိုယ်ကို အဆတစ်ထောင်ဖြစ်အောင် သူဆုတ်ဖြဲချင်နေပါတယ်

   အခုတစ်ခါဒီသေချင်းဆိုးလူသားကသူ့ရှေ့မှာတင် သူ့လူယုံသုံးယောက်ကို လှံနဲ့ထိုးသတ်ရဲပါတယ် ဒါသူ့ရဲ့ဒေါသကိုပိုဆွပေးနေပြီး သေးတွေချီးတွေသူ့ခေါင်းပေါ်ပါချရင်တောင်သည်းခံနိုင်ပေမဲ့ ဒါမျိုးတော့သူသည်းမခံနိုင်ပါဘူး

   ဘန်း!
   ရှီရှီစန်ခန္ဓာကိုယ်ကနေ အပြင်းဆုံးအဆိပ်တွေပါတဲ့ အနက်ရောင်မွန်းစတားချီတွေ ထွက်ပေါ်လာပါတယ်
 
   ဒါသူတို့ကင်းမြီးကောက်မျိုးနွယ်ရဲ့ ပါရမီ အနက်ရောင် ကင်းမြီးကောက်အဆိပ်ဖြစ်ပါတယ်

   ဒီအဆိပ်မိတာနဲ့ ဂရန်းမာစတာအဆင့်တွေတောင်စက္ကန့်အနည်းငယ်အတွင်း အသတ်ခံရနိုင်ပါတယ်

   ကင်းမြီးကောက်မျိုးနွယ်က ဒီပြင်းထန်တဲ့အဆိပ်ပါရမီကို အမှီပြုပြီးမွန်းစတားကြီးတွေကြား သောင်းကျန်းကာ မရေတွက်နိုင်တဲ့လူတွေကိုသူတို့သတင်းကြားရုံနဲ့ ကြောက်လန့်တုန်လှုပ်စေခဲ့ပါတယ်
 
   လျှပ်တစ်ပြက်အတွင်း အနက်ရောင်မွန်းစတားချီတွေပါတဲ့လက်သီးက တောင်တစ်တောင်ကို ဖျက်ဆီးစေနိုင်တဲ့အားနဲ့ ရှပင်ဆီဝင်လာပါတယ်

   သားရဲတစ်သောင်းလက်သီးပထမသိုင်းကွက် - ပြင်းထန်တဲ့ဝက်ဝံတူ

   ရှပင်လက်နှစ်ဖက်ကို စက်ဝိုင်းပုံလုပ်ပြီး ရှေ့တစ်လှမ်းတိုးကာ ကိုယ်ထဲကစစ်မှန်တဲ့အဆီအနှစ်တွေထွက်လာပြီး ကြီးမားတဲ့သံတူကြီးအဖြစ်စုစည်းသွားပါတယ်
 
   သူ့ကိုယ်က လူယောင်ဆောင်ထားတဲ့ ဝက်ဝံရိုင်းတစ်ကောင်လို ကြောက်စရာကောင်းတဲ့အရှိန်အဝါတွေထွက်လာပြီး သူသိုင်းပညာရှင်အဆင့်မှာတုန်းကထက် ဘယ်နှစ်ဆလောက်ပိုခွန်အားကြီးလာလဲမသိပါဘူး

   သူ့တစ်ကိုယ်လုံး ဝက်ဝံရိုင်းသွေးမျိုးဆက်ပါတဲ့ ရှေးဝက်ဝံရိုင်းတစ်ကောင်လို ထိန်းမရသိမ်းမရအစွမ်းတွေပါနေပါတယ်

God level demon(201-ongoing)Where stories live. Discover now