293+294+295+296

490 62 1
                                    

အပိုင်း(၂၉၃)   သိုင်းသမားလမ်းစဥ်

      စားသောက်ပွဲကအလွန်ချောချောမွေ့မွေ့နဲ့ ဆက်သွားနေပြီး ရှပင်လည်းအောင်မြင်စွာနဲ့မုန်းတီးခြင်းရမှတ်၂၀၀၀၀ကိုရရှိခဲ့ပါတယ် သူ့အဖေကြောင့် လူဘယ်လောက်များများကသူ့ကိုကျိန်ဆဲနေလည်း မသိပါဘူး ဒါပေမဲ့သူတို့တွေမှာရွေးချယ်စရာမရှိတဲ့အတွက် စားသောက်ပွဲမှာ
ရှချွမ်းလူရဲ့မြေးတွေလို ဟန်ဆောင်ယဥ်ကျေးပြနေရပါတယ်

     ညရောက်တော့ စားသောက်ပွဲကိုလာကြတဲ့
ဧည့်သည်တွေပြန်သွားကြပြီး စံအိမ်ထဲမှာရှပင်တို့သာ ကျန်ခဲ့ပါတယ်
      
    "အဖေရေ"
     ရှပင်က ရှချွမ်းလူကိုပြောလိုက်တယ် "ဒီတစ်ခါရန်ဟွမ်တက္ကသိုလ်စာမေးပွဲကနေ အဖေ့အတွက်လက်ဆောင်တချို့ယူလာခဲ့ပေးတယ်"

    "ပြောကြတာတော့ မင်းတို့စာမေးပွဲက အရမ်းပြင်းထန်ပြီးတော့ သေတဲ့လူအများကြီးရှိတယ်ဆို အဲ့တာတောင်မင်းကလက်ဆောင်ယူလာနိုင်သေးတယ်ပေါ့လေ?" ရှချွမ်းလူက မျက်တောင်ခတ်လိုက်တယ်
  
     ရှပင်လေဟာနယ်လက်စွပ်ထဲကနေ ရတနာကျောက်တုံးသစ်သီး၅လုံး၆လုံးကို ထုတ်ယူလိုက်ပြီး စားပွဲပေါ်တင်လိုက်ပါတယ် အသီးတွေကမီးရောင်အောက်မှာ အရောင်ပေါင်းစုံတောက်ပနေပါတယ်

     "ဒါဒဏ္ဍာရီထဲက ရတနာကျောက်တုံးသစ်သီးမဟုတ်လား?" 

     ဒီအသီးတွေပေါ်လာတာမြင်တဲ့ အမေဖြစ်သူဟွောင်လန်ရှီက လန့်သွားပါတယ် သူမကအချိန်တော်ကြာအောင် ဟင်းလျာတွေမှာပါတဲ့ပါဝင်ပစ္စည်းတွေကို လေ့လာခဲ့ဖူးတဲ့အတွက် ရန်ဟွမ်ဂြိုလ်ရဲ့တန်ဖိုးရှိတဲ့ အစားအသောက်မျိုးစုံကို အနည်းနဲ့အများတော့သိထားပါတယ် အဲ့ဒီ့ထဲမှာ ရတနာကျောက်တုံးသစ်သီးက ဒဏ္ဍာရီလာ အစားအသောက်ဖြစ်ပါတယ်
 
    "ပြောကြတာတော့ ရတနာကျောက်တုံးသစ်သီးက ဒဏ္ဍာရီလာအစားအသောက်ဖြစ်ပြီး တစ်လုံးကိုဒေါ်လာသန်း၅၀လောက်တန်ကြေးရှိတယ်တဲ့ အဆင့်မြင့်ပုဂ္ဂိုလ်ကြီးတွေသာ သုံးဆောင်နိုင်ပြီး အပြင်စျေးကွက်မှာတောင် ဝယ်မရဘဲ မြို့တစ်မြို့လိုတန်ဖိုးမဖြတ်နိုင်ဘူးတဲ့"

     သူမမျက်လုံးကို ပွတ်သပ်ကြည့်နေပြီးမယုံနိုင်ပါဘူး

God level demon(201-ongoing)Where stories live. Discover now