272+273+274

427 59 0
                                    

အပိုင်း(၂၇၂) မီးအဆူးဖွတ်ဥ

ဂူအတွင်းပိုင်းမှာတော့ -

ရှပင်ကအနံ့နောက်ကိုလိုက်ကာ ဘယ်ချိုးညာချိုးပြီး ၄ကီလိုမိီတာလောကျလြှောကျပွီးတဲ့နောကျ ဒီဂူရဲ့အနက်ရှိုင်းဆုံးပိုင်းကိုရောက်လာပါတယ် လမ်းမှာမီးအဆူးဖွတ်ဆယ်ကောင်ကျော်ကို တွေ့ခဲ့ပေမဲ့ သူအလွယ်တကူရှင်းပစ်ခဲ့ပါတယ်

"တကယ်ဘဲ မီးအဆူးဖွတ်တွေ မရှိတော့ဘူးဘဲ" ရှပင်ကသူ့အရှေ့ကိုကြည့်လိုက်တာနဲ့ အလွန်တရာကြီးမားလှတဲ့နေရာကျယ်ကြီးကိုတွေ့လိုက်တယ် ပတ်ဝန်းကျင်တစ်ချို့နေရာတွေမှာတော့ မီးချောင်းလိုလင်းနေတဲ့မြက်တွေက အပြာနက်ရောင်အလင်းတန်းတွေကို ထုတ်ပေးနေပြီး ဂူထဲကအခြေနေကိုကောင်းစွာမြင်နေရပါတယ်

မြေပြင်မှာတော့မြေဆီလွှာတွေရှိနေပြီး မြေဆီလွှာတွေပေါ်မှာ လက်သီးအရွယ် အနီရောင်ဥ ၅လုံး၆လုံးရှိနေကာ အနီရောင်အလင်းတန်းတွေ ပြတ်တောင်းပြတ်တောင်းထွက်ပေါ်နေပါတယ်

ဥပေါ်မှာထူးခြားတဲ့အနီရောင်လက္ခဏာတွေရှိနေပြီး ထူးဆန်းတဲ့ရနံ့တွေထွက်နေပါတယ်

"ဒါတွေက မီးအဆူးဖွတ်ဥတွေလား ဒါပေမဲ့ဘာလို့ ၅လုံး၆လုံးဘဲရှိရတာလဲ?" ဒီသားရဲဥတွေက အရမ်းထူးခြားပြီး အကန့်သတ်မဲ့စွမ်းအင်တွေပါဝင်တာကို သူခံစားမိပါတယ်

သူခန့်မှန်းရသလောက်ဆို ဒီဥတွေက မီးအဆူးဖွတ်သားရဲအသားတွေထက်ကို အများကြီး ပိုတန်ဖိုးရှိပါတယ်

"ဟဲဟဲ ဒီနေရာမှာတကယ်ဘဲ ရတနာတွေရှိနေတာဘဲ ဒီမီးအဆူးဖွတ်ဥတွေစားပြီးရင် ငါဒီညတော့သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့်၄ကိုတက်ရောက်နိုင်ပြီ" ရှပင်ကလက်သီးစုပ်ကာ ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေပြည့်ဝနေပါတယ်

သူသိုင်းပညာရှင်အဆင့်၄ကိုရောက်ဖို့ ခြေတစ်လှမ်းသာလိုတော့ပြီး ပြင်ပအရာတစ်ခုရဲ့အကူညီနဲ့ဆိုချက်ချင်းရောက်နိုင်မှာပါ ဒါပေမဲ့ဒီမီးအဆူးဖွတ်ဥ စွမ်းအင်တွေက သူ့အတွက် အပြောင်းအလဲကို လုပ်ဆောင်ပေးနိုင်ပါတယ်

ရှပင်ကနေရာတိုင်းမှာ ရတနာတွေလိုက်ရှာကြည့်ပေမဲ့ တခြားရတနာဘာတစ်ခုမှရှာလို့မတွေ့ပါဘူး

God level demon(201-ongoing)Where stories live. Discover now