401+402+403+404+405+406+407+408+409+410

450 62 1
                                    

အပိုင်း(၄၀၁)   ပုန်ကန်မှု

     ရက်အနည်းငယ်ကြာပြီးနောက် မြူခိုးတိမ်တောင်အလယ်ဗဟိုဒေသရဲ့ တောင်ထိပ်တစ်ခုမှာ-

    ဒီအချိန် မြစ်နဲ့နီးတဲ့ တောင်ကြားတစ်ခုမှာ မြက်ခင်းလွင်ပြင်ရှိနေပြီး မိုးပြာရောင်အဝတ်အစားနဲ့ကောင်နဲ့ တခြားလူတွေ ဒီနေရာမှာအနားယူနေကြပါတယ် ဒါပေမဲ့သူတို့ပုံစံတွေအလွန်အမင်းစုတ်ပြတ်သတ်နေပြီး တစ်ယောက်စီမှာ သွေးတွေစွန်းနေပါတယ် တစ်ချို့လူတွေဆိုရင် လက်မောင်းတွေ ပေါင်တွေကျိုးနေပြီး တစ်ချို့ရဲ့နှာခေါင်းတွေက အစာသွပ်ဝက်အူချောင်းလို ဖူးရောင်နေကြပါတယ်

   သူတို့ကိုကြည့်ရတာ ဒုက္ခိတဆေးရုံကထွက်လာကြတဲ့ လူနာတွေလို အရမ်းစုတ်ပြတ်သတ်နေပါတယ်

    ဒီအချိန်မှာ ရှပင်ကတခြားတစ်နေရာမှာ သေးပေါက်ဖို့သွားတာကြောင့် လောလောဆယ်မှာသူတို့နဲ့အတူတူ မရှိနေပါဘူး

    "ယီးဘဲ ဒီအတိုင်းဆက်ပြီးဒီမျိုးမစစ်ကို လမ်းရှင်းပေးနေမယ်ဆိုရင် ငါတို့အားလုံးမြှုပ်စရာနေရာတောင်မရဘဲ အဆုံးသတ်သွားလိမ့်မယ် တစ်ခြားနည်းလမ်းရှာရအောင်"
   
    အနီရောင်အဝတ်အစားနဲ့ကျောင်းသားတစ်ယောက်က သောက်ရေခွက်ကိုမြေပြင်မှာဆောင့်ချလိုက်ပြီး သူ့မျက်နှာထားတွေက အလွန်အမင်းခက်ထန်နေပါတယ်

    သူ့ပုံစံက ဧကရာဇ်ရဲ့မတရားဆက်ဆံခြင်းကို ခံရတဲ့ လယ်သမားတစ်ယောက်လိုပါဘဲ တော်ဝင်အစိုးရရဲ့ များပြားလှတဲ့အခွန်နဲ့ လုပ်အားခကို မပေးနိုင်တော့ဘဲ ပုန်ကုန်ချင်နေတဲ့လယ်သမားတစ်ယောက်လိုပေါ့

    "ဒီအကြံ သိပ်မကောင်းဘူးနော် အဲ့ဒီ့မျိုးမစစ်ဝူဝူဒီ(ပြိုင်စံရှား)က လူကောင်းတစ်ယောက်မဟုတ်ဘူး အကယ်၍ငါတို့တော်လှန်မယ်ဆိုရင် ချက်ချင်းသတ်ဖြတ်ခံရမှာ" တစ်ချို့ကျောင်းသားတွေက ကြောက်လန့်တုန်လှုပ်နေပါတယ် ဒီရက်အနည်းငယ်အတွင်းမှာ ရှပင်ရဲ့ပြတ်သားတဲ့နည်းလမ်းတွေကြောင့် သူကြောက်ရွံ့နေပြီး စိတ်ထဲမှာအရိပ်ထင်နေကာ ရှပင်ကိုခုခံဖို့တောင် သတ္တိမရှိတော့ပါဘူး

God level demon(201-ongoing)Where stories live. Discover now