229

429 67 0
                                    

Uni
======
အပိုင်း ( ၂၂၉)      မလွန်လာနဲ့

    ဆေးခတ်တယ်?
    ရှပင်မျက်လုံးတွေ အေးစက်သွားတယ် စားသောက်ပွဲမှာ မိန်းခလေးတစ်ယောက်ကိုဆေးခတ်ပြီး မေ့သွားအောင်လုပ်တဲ့လုပ်ရက်က နေ တစ်ဖက်လူ အဲ့ဒီ့မိန်းခလေးကိုဘာလုပ်ချင်လဲဆိုတာ အရူးတောင်သဘောပေါက်ပါတယ်

    ချက်ချင်းဘဲ သူဒေါသထွက်ပြီး မျက်လုံးထဲမှာသတ်ဖြတ်ချင်းအော်ရာတွေနဲ့ ဟွာမြို့တော်ကစာမေးပွဲဝင်ဖြေသူတွေကိုကြည့်လိုက်တယ်
 
    ဂျန်းရရူကလည်းဒေါသထွက်သွားတယ် တကယ်လို့သာ သူမတို့တွေအချိန်မှီမရောက်လာရင် ဒီလူတွေလက်ထဲမှာနန်ဂုန်ဝူဘယ်လို  ပြုမူခံရမလဲဆိုတာမသိနိုင်ပါဘူး ဒီလူတွေကဥပဒေတွေ ကိုယ်ကျင့်တရားတွေမရှိဘဲ အလွန်ရိုင်းစိုင်းပါတယ်

    ဒီလူတွေက သူတို့ကိုယ်သူတို့နောက်ခံကောင်းတဲ့ဟွာမြို့တော်အကြီးကဲတွေရဲ့ သားစဥ်မြေးဆက်တွေဆိုပြီး ဘာမဆိုလုပ်ရဲကာအပြစ်ပေးခံရမှာမကြောက်တာ ဖြစ်နိုင်ပါတယ်

    "မင်းတို့ထဲက ဆေးခတ်တာဘယ်ကောင်လဲ ချက်ချင်းထွက်လာခဲ့စမ်း ငါခြေထောက်တစ်ချောင်းဘဲချိုးပြီး ကျန်တာတွေမချိုးဘူးလို့အာမခံတယ်" ရှပင်မျက်မှောင်ကြုံကာ ဒီလူတွေကိုကြည့်လိုက်တယ်

    "ဒီကျောင်းသား မင်းအထင်လွဲနေပြီ ငါတို့သူမကိုဆေးခတ်တာမဟုတ်ဘူး အရက်ဘဲနည်းနည်းတိုက်လိုက်တာပါ"

   "ဟုတ်တယ် စားသောက်ပွဲတွေမှာအရက်သောက်များတာက ပုံမှန်ကိစ္စဘဲလေ ဒီလိုဘာမဟုတ်တဲ့ကိစ္စနဲ့ ရေးကြီးခွင်ကျယ်လုပ်စရာမလိုပါဘူး"

   "သူမ အခုသတိလစ်သွားတာ အရက်ရှိန်ကြောင့်ဖြစ်လိမ့်မယ်"
    ဟွာမြို့တော်ရဲ့ စာမေးပွဲဝင်ဖြေမဲ့သူဆယ်ယောက်ကျော်က နန်ဂုန်ဝူသတိလစ်သွားတာ ဆေးခတ်ခံထိတာကြောင့်မဟုတ်ဘဲ အရက်အရှိန်ကြောင့်ဆိုပြီး တစ်ယောက်တစ်ပေါက်ပြောဆိုလိုက်တယ်

    "ဒါအမှန်ဘဲ မင်းတို့မယုံဘူးဆိုရင် ဒီကျောင်းသားကိုမေးကြည့်လို့ရတယ် သူလညျးဒီိမိနျးခလေးနဲ့အတူတူလာတာဘဲ ငါတို့တွေကြံစည်တာမဟုတ်ဘူး" ဟွာမြို့တော်ကစာမေးပွဲဝင်ဖြေမဲ့သူတွေက ချင်းမုဟန်ကိုညွှန်ပြပြီး သက်သေထွက်ဆိုခိုင်းလိုက်တယ်

God level demon(201-ongoing)Where stories live. Discover now