220

484 60 0
                                    

Uni
======
အပိုင်း( ၂၂၀ )   အတွင်းပိုင်းနက်ဝေါ့

    "ဗွန်း"
     အနက်ရောင် အာကာသယဥ်ကလေထဲကိုစတင်ထွက်ခွါပြီး ထိရန်ရှုရီမြို့ကိုမောင်းနှင်သွားပါတယ်
  
     ဒီအချိန်မှာ အာကာသယဥ်ရဲ့နားနေခန်းထဲမှာတော့ -
  
    ရှပင်က ဖုန်းကနေ ဝဘ်ပေ့တွေကိုရွေးချယ်လိုက်ပြီး သူ့ရှေ့မှာ ဧရာမကုမ္ပဏီရဲ့နက်ဝေါ့စာမျက်နှာပုံရိပ်ယောင်တစ်ခု ချက်ချင်းပေါ်လာပါတယ် ထို့နောက်အတွင်းပိုင်းအဖွဲ့ဝင်ဆိုတဲ့နေရာကို နှိပ်လိုက်တာနဲ့ ချက်ချင်းဝဘ်ပေ့တစ်ခုပေါ်လာပြီး စက်သံတစ်ခုထွက်လာပါတယ် "ဧရာမကုမ္ပဏီအတွင်းပိုင်းနက်ဝေါ့ကို ဝင်ချင်ရင် ပိုင်ရှင်ရဲ့အမဲရောင်ကတ်နဲ့ ရာထူးကိိုအတည်ပြုရပါမယ်"

     "အမဲရောင်ကတ်ကို ကိုင်ပြီးအတည်ပြုဖို့လိုအပ်တယ်ပေါ့လေ တကယ်တင်းကြပ်တာဘဲ" ရှပင်ကခေါင်းငြိမ့်ကာ သူ့အမဲရောင်ကတ်ကိုထုတ်ပြီး ဒီဝဘ်ပေ့ပေါ်မှာတင်လိုက်တာနဲ့ စကန်ဖတ်တဲ့အလင်းရောင်တွေဝည်ပေ့ကနေထွက်လာပြီး ကတ်တစ်ခုလုံးကို ဖတ်ပါတော့တယ်

    ပြီးတာနဲ့ချက်ချင်းဝဘ်ပေ့ကနေ အသံထွက်လာပါတယ် "မျက်လုံးတိုက်ဆိုင်စစ်ဆေးခြင်း အမဲရောင်ကတ်အချက်အလက်စစ်ဆေးခြင်း လက်ဗွေရာစစ်ဆေးခြင်းပြီးဆုံးပြီး ကိုယ်ပိုင်ကတ်ဖြစ်ကြောင်းအတည်ပြုပါတဟ် အတွင်းပိုင်းနက်ဝေါ့ဝင်ခွင့်ပြုချက် လုပ်ပိုင်ခွင့်: တရားဝင်ဝန်ထမ်း"

    ဒင်
    ပြီးတာနဲ့ လျို့ဝှက်ကျင့်စင်မျိုးစုံကိုပြသထားတဲ့ဝဘ်ပေ့တစ်ခုပေါ်လာပါတယ် ဥပမာအားဖြစ်  လက်သီးကျင့်စင်ကျမ်း လှုပ်ရှားမှုကျင့်စင်ကျမ်း အတွင်းခွန်အားလျို့ဝှက်ကျင့်စင်ကျမ်း ဓားသိုင်းလျို့ဝှက်ကျင့်စင်ကျမ်း စတာတွေဘဲဖြစ်ပါတယ်

    ဒီဝဘ်ပေ့က အွန်လိုင်းစျေးဆိုင်သဖွယ် လိုချင်တဲ့အရာမျိုးစုံကိ ရှာလို့ရပါတယ်

    "မိုက်လိုက်တာ ကျင့်စင်တွေကအပြင်မှာပေါက်ကြားလို့မရတဲ့ကျင့်စင်တွေချည်းဘဲ ဘုရင်အစင့်လျို့ဝှက်ကျင့်စင်ကျမ်းတွေတောင် ပါသေးတယ်" ရှပင်ကအံ့အားသင့်စွာနဲ့ပြောလိုက်တယ် ဧရာမကုမ္ပဏီပီသပါပေတယ်အပြင်မှာမရနိုင်တဲ့ အထွတ်အထိပ်ကျင့်ကြံခြင်းနည်းစနစ်တွေကို ဒီနေရာမှာတော့ နေရာတိုင်းမှာရှာတွေ့နိုင်ပါတယ်

God level demon(201-ongoing)Where stories live. Discover now