230

420 58 0
                                    

Uni
=======
အပိုင်း(၂၃၀)     ငါ့ရှေ့ကလစ်စမ်း

    "သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့်၂?"

    သူ့လက်ဝါးကို ဝင်ခံလိုက်တဲ့ရှပင်ကကို ရှူယန်းကခေါင်းမာစွာစိုက်ကြည်ါပြီးပြောလိုက်တယ် "ထိရန်ရှုရီလိုမြို့လေးမှာ ဒီလိုအသက်အရွယ်နဲ့သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့်၂ကိုရောက်နေတဲ့ မင်းလိုပါရမီရှင်မျိုးရှိနေလိမ့်မယ် ငါမထင်ထားဘူး"

    "ဒါပေမယ့်ဒီလောက်နဲ့မင်းက ဒီနေရာမှာသောင်းကျန်းပြီး ငါရှူယန်းကိုတားနိုင်မယ်ထင်နေလား?"

     ခနတုန်းက ရှပင်ခံလိုက်တဲ့သိုင်းကွက်က သူအားကုန်မထုတ်သုံးခဲ့ပါဘူး အဲ့တာကြောင့်မို့သူက ရှပင်ကိုအနိုင်ယူနိုင်တဲ့ ယုံကြည်ချက်တွေပြည့်နေသေးပါတယ် သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့်၃ဖြစ်တဲ့သူက ဒီကျေးလက်တောသားကို အေးဆေးအနိုင်ယူနိုင်တယ်လို့ ယုံကြည်ချက်ရှိပါတယ်
   
     သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့်၂လား?
 
     လူတွေက လန့်သွားကြတယ် ဟွာမြို့တော်လိုစူပါမြို့ကြီးမှာ သိုင်းပညာရှင်အဆင့်ကိုရောက်ဖို့ မခက်ပေမယ့် မြို့ငယ်လေးတွေကကျောင်းသားတွေအတွက်တော့အဲ့လိုအဆင့်ရောက်ဖို့အလွန်ခက်ခဲပါတယ်

    အကယ်၍တစ်ယောက်ယောက်ပေါ်လာခဲ့ရင်လည်း ညဏ်ကြီးရှင်တွေဖြစ်မှာပါ
 
    "ဒီကောင်ဘယ်တုန်းက သိုင်းပညာရှင်အဆင့်ကိုရောက်သွားတာလဲ ပြီးတော့အပ်စိုက်ကုထုံးအမှတ်၂ခုကိုချိတ်ဆက်ပြီး သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့်၂ကိုတောင်ရောက်နေပြီပေါ့လေ" ချင်းမုယန်တို့အဖွဲ့ဝင်တွေက မယုံနိုင်ကြဘဲ ထိတ်လန့်သွားကြတယ်
 
     တိုက်ခိုက်ရေးပြိုင်ပွဲမှာတုန်းက ဒီကောင်က သိုင်းပညာသင်အဆင့်၉ဘဲရှိသေးပြီး သိုင်းပညာရှင်အဆင့်နဲ့အများကြီးအလှမ်းဝေးနေသေးပါတယ် ဒါပေမယ့်လည်းအခုတော့သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့်၂ကိုရောက်ပြီး ချင်းမုယန်ကို ကျော်သွားပါပြီ

     "ဒါ ဒါဧရာမကုမ္ပဏီကိုဝင်နိုင်တဲ့ ပင်ကိုယ်ပါ ရမီလား ဒါဘုရင်အဆင့်ကျင့်ကြံသူ ဖြစ်နိုင်တဲ့ပါရမီရှင်လား" ချင်းမုယန်ကမယုံနိုင်ဘဲ သူ့စိတ်တွေမွန်းကြပ်နေပါတယ်
 
    အစကတော့သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က ရှပင်ထက်ကိုခေါင်းတစ်လုံးသာပြီး ချင်းမိသားစုရဲ့ သဘာတေအရင်းမြစ်တွေနဲ့သာဆိုရင်ရှပင်ကို အနိုင်ရတဲ့ဘက်မှာ သူရှိနေမယ်လို့ထင်ထားတာပါ ဒါပေမယ့်လည်း နှစ်လလောက်ဘဲကြာသေးတာတောင် ဒီကောင်က သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့် ၂ကို ရောက်နေခဲ့ပါပြီ ဒါလုံးဝကိုမယုံနိုင်စရာကောင်းပါတယ်

God level demon(201-ongoing)Where stories live. Discover now