358+359+360+361

396 58 1
                                    

အပိုင်း(၃၅၈) အတွေ့အကြုံ

"မင်းတို့ရဲ့အဆင်ခြင်မဲ့တဲ့ အပြုအမူအတွက် မင်းတို့ဒီနေရာမှာ နာရီဝက်ဒူးထောက်ရမယ်"
ရှပင်သူ့လက်တွေကိုနောက်ပစ်ပြီး ရှေ့မှာဒူးထောက်နေတဲ့ စီနီယာကျောင်းသားသုံးယောက်ကို တာဝန်မကျေတဲ့မူးမတ်တွေကို ဧကရာဇျကအပွဈပေးသလျို မေးခွန်းထုတ်ခွင့်မရှိတဲ့လေသံနဲ့ပြောလိုက်တယ်

"မင်း!"
စီနီယာကျောင်းသားသုံးယောက် သွေးအန်မိတော့မလိုဖြစ်သွားပါတယ် သူတို့တွေဒီနေရာမှာနာရီဝက်လောက်ဒူးထောက်ရရင် ဘာမျက်နှာမှပြစရာရှိတော့မှာမဟုတ်ဘဲ ရန်ဟွမ်တက္ကသိုလ်ရဲ့လူရယ်စရာဖြစ်သွားမှာပါ

သူတို့တွေစိတ်ရိုင်းဝင်ပြီး မတ်တပ်ရပ်ဖို့ကြိုးစားကြပေမဲ့ ဘာမှမတတ်နိုင်ကြပါဘူး ခနတုန်းကရှပင်လက်ဝါးကြောင့်သူတို့ခြေထောက်အရိုးတွေအစိတ်စိတ်အမွှာမွှာကျိုးသွားပြီး ဘာခွန်အားမှမသုံးနိုင်တော့ပါဘူး

" မင်းအရမ်းလွန်သွားပြီ ချက်ချင်းသူတို့ကိုလွှတ်ပေးလိုက်စမ်း"

တခြားဓားသမားအသင်းဝင်တွေကလည်း ဒါကျိုမွငျပွီးမခံမရပျနိုငျဖွဈသှားကွတယျ ဒီစီနီယာကျောင်းသားသုံးယောက်ကို မျက်နှာချင်းဆိုင်ဒူးထောက်ခိုင်းတာ သူတို့ဓားသမားအသင်းရဲ့မျက်နှာကိုဖြတ်ရိုက်လိုက်တာဖြစ်ပြီး သူတို့ရဲ့ဂုဏ်သိက္ခာတွေကို နင်းချေလိုက်တာပါ

ဆွစ် ဆွစ် ဆွစ်!!!
ရုတ်တရက် စီနီယာကျောင်းသား ၅ယောက်၆ယောက်က ရှပင်ကိုတိုက်ခိုက်ပြီး ဒူးထောက်နေရတဲ့သုံးယောက်ကို ကယ်တင်ဖို့ကြိုးစားလိုက်ကြတယ်

ရှပင်သူတို့ကိုကြည့်တောင်မကြည့်ဘဲ ဒီလူခြောက်ယောက်ဆီကို လေထဲကနေလက်ဝါးတစ်ချက်ပုတ်ချလိုက်ပါတယ်

ချက်ချင်းသူတို့တွေ စူးစူးဝါဝါးအော်ပြီး တစ်ကိုယ်လုံးလွင့်ထွက်သွားကာ တစ်ယောက်ပြီးတစ်ယောက်နံရံနဲ့စောင့်ပြီး ကျောင်တုံးကျောက်ခဲကျိုးပဲ့သံတွေမြည်ကာ နံရံမှာလူပုံစံတွင်းပေါက်ကြီးတွေ ဖြစ်လာပါတယ်

ဖူ!
ဒီလူတွေသွေးအန်လိုက်ပြီး ဆက်တိုက်ခိုက်ဖို့အားအင်မရှိတော့ပါဘူး

God level demon(201-ongoing)Where stories live. Discover now