212

427 59 0
                                    

Uni
=======
အပိုင်း(၂၁၂)    လုံးဝမကျေအေးနိုင်ဘူး

     "ပြစ်မှု?"

     ရှပင်က သူတို့အဖွဲ့နဲ့ဆယ်မီတာကွာမှာ ရှိပေမယ့်လည်း ဒီလူတွေပြောတဲ့စကားကိုသေချာကြားရပါတယ် ဒီစကားတွေကြားနဲ့ ရှပင်ကအော်ရယ်ကာ "မင်းတို့ငါ့ကိုလာဖမ်းတာကြတော့ ပြစ်မှုမဟုတ်ဘဲ ငါပြန်သတ်တာကျတော့ ပြစ်မှုဖြစ်တယ်ပေါ့လေ မင်းတို့တွေငရဲရောက်ရင် ယမမင်းနဲ့ စကားပြောပြီး တကယ်လို့ငါအပြစ်ရှိတယ်ထင်ရင် ပြန်တက်လာပြီးငါ့ကိုလာဖမ်းလှည့်"

    "ငါ့ဖင်ကိုလာဖမ်းပါလား"
     အဆိပ်မြေခွေးအဖွဲ့ဝင်တွေက ဒေါသကြောင့်တစ်ပိုင်းသေမလိုဖြစ်သွားတယ် တကယ်လို့သူတို့တွေငရဲကျပြီးပြန်တက်လာရင် မကောင်းဆိုးဝါးဝိညဥ်တွေမဖြစ်ကုန်ဘူးလား ဒီကောင်သူတို့ကိုဟာသလုပ်နေတာပါ

    "ချီတက်ပြီး ဒီကောင့်ကိုသတ်ကြ"
    
     "ငါတို့တွေ အင်အားအများကြီးသာတယ် ဘာမှကြောက်နေစရာမလိုဘူး"

     "ဒီကောင့်ကိုသတ်ရမယ် သူ့ကိုဒီနေရာမှာဆက်ပြီး လူပါးပေးဝနေရလို့မရဘူး"
  
    "ငါတို့အဆိပ်မြေခွေးအဖွဲ့ကို ရန်စရဲပြီးဒီကောင်သေချင်နေမှတော့ ငါတို့သူ့ကိုကူညီပေးလိုက်ကြတာပေါ့"
 
    အဆိပ်မြေခွေး အဖွဲ့ဝင်တွေက ကြုံးဝါးလိုက်ကြတယ် ၁၀မီတာဆိုတာ ဝေးတယ်လို့ထင်ရပေမယ့် သူ့တို့အတွက်အရမ်းနီးပြီး ခုန်လိုက်တာနဲ့ရှပင်ရပ်နေတဲ့ခေါင်မိုးကို ရောက်မှာပါ

    "ဝှစ် ဝှစ် ဝှစ်" 
    သူတို့တစ်ယောက်ပြီးတစ်ယောက် ခြေထောက်ကနေကြောက်စရာကောင်းတဲ့ ခွန်အားတွေယူပြီး ရှပင်ရပ်နေတဲ့ခေါင်မိုးဆီကိုကို ခုန်ကျော်လိုက်ကြတယ်
 
   "တကယ်သောက်ရူးတွေဘဲ ငါဒီကိုလာပြီး မင်းတို့နဲ့ရင်ဆိုင်ရဲမှာတော့ ကြောက်မယ်ထင်နေတာလား ငါမင်းတို့ကိုသတ်ချင်ရင် ကြက်ခလေးတွေလိုသတ်ပစ်လို့ရတယ်" ရှပင်ကဂရုမစိုက်လဲ သူ့ဆီခုန်ဝင်လာနေတဲ့ ကျားရိုင်းအဖွဲ့တွေကိုအသာကြည့်လိုက်တယ်

    မြှားခုနှစ်ချောင်း ခေါင်းခြွေလက်သည်းကျင့်စင် တတိယအကွက် - ကောင်းကင်ပေါ်မှာပန်းမိုးရွာခြင်း

God level demon(201-ongoing)Where stories live. Discover now