481+482+483+484+485+486+487+488+489+490

484 46 3
                                    

အပိုင်း(၄၈၁) အနက်ရောင်ကင်းမြီးကောက်ဘုရင်ဒေါသထွက်ပြီ

   ဒီကိစ္စက အရမ်းဆူညံသွားတာကြောင့် မွန်းစတားမျိုးနွယ်တွေပါ ဒီသတင်းကိုလျင်မြန်စွာသိသွားကြတယ်

   သူတို့တွေသားမျိုးနွယ်နဲ့ နှစ်ရာပေါင်းများစွာတိုက်ခိုက်လာကြတာကြောင့် သပ္ပံနည်းပညာမရှိပေမဲ့လဲ နှစ်တွေအများကြီးကြာလာတဲ့အခါမှာ လူသားသိပ္ပံနည်းပညာနဲ့ အငျတာနကျဘယျလျိုသုံးရမလဲဆိုတာကို သူတို့လည်းနားလည်နေကြပါပြီ

   မွန်းစတားအများအပြားကတောင် လူသားနက်ဝေါ့ပေါ်မှာ လူသားတွေရဲ့သတင်းအချက်လက်ပေါင်းစုံကို လျို့ဝှက်စွာနားလည်အောင်လုပ်နေကြပါတယ်

   ဒီကိစ္စကိုလူသားတွေ သိပေမဲ့ အရေးကြီးတဲ့ကိစ္စမဟုတ်တာကြောင့် မတားမြစ်ပါဘူး ဒါကလူသားနဲ့ မွန်းစတားမျိုးနွယ်ကြားတိုက်ပွဲများစွာအပြီးမှာ လူသားတွေကခေါင်းငြိမ့်လိုက်လျောပေးထားတာပါ

    တစ်ခါတစ်လေကျရင် ယဥ်ကျေးမှုကလည်း စစ်ပရိယာယ်တစ်ခုဖြစ်ပါတယ် ဒီမွန်းစတားမျိုးနွယ်ကို လူသားတွေနဲ့ရင်းနှီးအောင်လုပ်ရင်း တစ်ချို့မွန်းစတားတွေကို လူသားမျိုးနွယ်ထဲဝင်လာအောင်လုပ်နိုင်ခဲ့ရင် လူသားတွေနဲ့ဆန့်ကျင်ချင်တဲ့ သူတို့ရဲ့စိတ်ကို လျော့ကျအောင်လုပ်နိုင်မှာပါ

   တဖြည်းဖြည်းနဲ့ မွန်းစတားမျိုးနွယ်တွေဟာ ပုံရိပ်ယောင်နက်ဝေါ့ကိုအသုံးပြုတတ်လာပြီး တစ်ချို့ညဏ်အရမ်းကောင်းတဲ့ မွန်းစတားတွေဆို သူတို့မွန်းစတားမျိုးနွယ်အတွက် ကိုယ်ပိုင်ဖိုရမ်တွေ ဝဘ်စာမျက်နှာတွေ တည်ဆောက်ထားကြပါတယ်
    
   "လက်တလော လူသားမျိုးနွယ်ဘက်မှာအရေးကြီးကိစ္စဖြစ်နေတယ် တစ်စုံတစ်ယောက်က အနက်ရောင်ကင်းမြီးကောင်ဘုရင်ရဲ့သား ရှီရှီစန်ကို သတ်တယ်လို့ပြောနေကြတယ် ဒီကိစ်စကတောိတောျလူသိမြားနပွေီ" တချို့မွန်းစတားတွေက သတင်းချက်ချင်းဖြန့်လိုက်တယ်

   "ရှီရှီစန်? အဲ့သောက်ရူးလား? ဒီကိစ္စကိုငါလဲကြားတယ်"

   မွန်းစတားဘုရင်မျိုးဆက်တစ်ယောက်က သရော်ရင်းပြောလိုက်တယ် "ပါရမီမကောင်းတော့ မရိုးသားတဲ့နည်းလမ်းတွေနဲ့ ကောင်းကင်ဘုံမွန်းစတားဖြည့်သွင်းခြင်းဖွဲ့စည်းပုံကို အသုံးပြုပြီး သူ့ကိုယ်ထဲကသွေးမျိုးဆက်ကို မိစ္ဆာအော်ရာနဲ့ မွန်းစတားဝိညဥ်သတ္တုကြောမှာ နှစ်ထောင်ပေါင်းများစွာတည်းက ကျန်ခဲ့တဲ့ မွန်းစတားဘုရင်အော်ရာတွေကိုစုစည်းပြီး ကျင့်ကြံခြင်းအဆင့်ကိုပါ တက်ချင်နေသေးတယ်"

God level demon(201-ongoing)Where stories live. Discover now