226

434 60 0
                                    

Uni
======
အပိုင်း (၂၂၆)       မြို့တော်ဟွာ

     "ဒါတွေက အကိုကြီးရဲ့သင်ကြားပြသပေးမှုကောင်းမွန်လို့ပါ" ဖန်းဟိုက်ထန်က ချက်ချင်းမျက်နှာချိုသွေးလိုက်တယ် "မတွေ့တာကြာတော့ အကိုကြီးရဲ့ မျက်နှာအမူအရာတွေကပိုခန့်လာပြီး ကျင့်ကြံခြင်းကလည်း အများကြီးတိုးတက်လာသလိုဘဲ ဒီလောကျမွနျမွနျတိုးတကျမှုရျှိအောငျ အကိုကြီးဘာနည်းလမ်းသုံးလမ်းမသိဘူး"

     သူကသိုင်းတာအိုဆန်းကြယ်မှုအချို့ကို သိချင်ပြီး စူးစမ်းချင်နေပါတယ် 
 
     "အဓိကကတော့ လုံ့လဝိရိယပေါ့"
     ရှပင်က သူလျို့ဝှက်ချက်ကိုပြောလိုက်တယ် "ဆောင်းရာသီမှာဆိုလဲ ဆောင်းရာသီတစ်ခုလုံး နွေရာသီမှာဆိုလည်းနွေရာသီကုန်တဲ့ထိ သိုင်းတာအိုကျင့်ကြံခြင်းကို လစ်ဟင်းမှုမရှိဘဲ ကျင့်တာပေါ့ကွာ"

    "လေကြီး ဆက်ပြီးလေကြီးနေ"
    ချင်းမုယန်တို့တွေက ရှပင်မျက်နှာကိုစက်ဆုပ်စွာနဲ့ကြည့်လိုက်ကြတယ် အကယ်၍ဒီစကားတွေကို တခြားသိုင်းတာအိုကျွမ်းကျင်သူတွေပြောရင်ယုံစရာကောင်းအုံးမှာပါ ဒီပေမယ့်လည်းဒီမျိုးမစစ်ရဲ့ ပါးစပ်ကထွက်တဲ့စကားတွေက တစ်လုံးမှယုံစရာမရှိပါဘူး

    ဒီမျိုးမစစ်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမတိုင်ခင်မှာ ဇွဲလုံ့လနဲ့ကြိုးစားပြီးမကျင့်ကြံဘဲ လနက်မြို့လိုမကောင်းတဲ့သူတွေပြည့်နေတဲ့နေရာကိုသွားပြီး ပြည့်တန်ဆာတွေနဲ့သွားပျော်ပါးတယ်ဆိုတာ ထိရန်ရှုရီမြို့မှာ မသိတဲ့လူမရှိပါဘူး

    အကယ်၍ဒီလိုကောင်မျိုးကသာ လုံ့လဝိရိယနဲ့ကျင့်ကြံတယ်ဆိုရင် မိုးကောင်းကင်အောက်မှာလုံ့လဝိရိယနဲ့မကျင့်ကြံတဲ့သူ မရှိတော့ပါဘူး

    "အစ်ကိုကြီးကတော့အကိုကြီးဘဲ ထွင်းဖောက်မြင်နိုင်တဲ့အမြင်အာရုံရှိတယ် စကားနည်းနည်းလောက်ပြောလိုက်တာနဲ့ ငါ့အတွက်ညဏ်တံခါးပွင့်သွားစေတယ် အစ်ကိုကြီးရဲ့စကားတွေကိုနားထောင်ရတာ ဘုရင်တစ်ယောက်အကြံကိုနားထောင်ရသလို ဆယ်နှစ်တာစာအုပ်တွေဖတ်လိုက်ရသလိုဘဲ" ဖန်းဟိုက်ထန်က လေးစားသွားတယ်

    ရှပင်ကလည်း လက်နဲ့ဝှေ့လိုက်ပြီး "ရပါတယ်ကွာ ငါ့မှာသိုင်းတာအိုပါရမီနည်းနည်းရှိတာကလွဲလို့ ကျန်တာတခြားသူတွေထက် ဘာအားသာချက်မှမရှိပါဘူး"

    "အရှက်မရှိလိုက်တာ"  ဒီနှစ်ယောက်ရဲ့အရှက်ကင်းမဲ့မှုကို ဂျန်းရရူတောင်သည်းမခံနိုင်တော့ဘဲ ပါးစပ်တွန့်သွားတယ်

God level demon(201-ongoing)Where stories live. Discover now