227

437 56 1
                                    

Uni
=======
အပိုင်း( ၂၂၇)     ပါရမီရှင်တွေရဲ့စားသောက်ပွဲ

    ပါရမီရှင်တွေအတွက်စားသောက်ပွဲကျင်းပတဲ့   ဇိမ်ခံစံအိမ်ကြီးမှာတော့ -

     ရန်ကျိုးဒေသက အဓိကစာမေးပွဲဖြေဆိုသူတွေအနည်းဆုံးအယောက်တစ်သောင်းလောက် ဒီနေရာမှာ စုဝေးနေကြပါတယ် ကံကောင်းစွာနဲ့  စံအိမ်မျက်နှာပြင်ဧရိယာကအလွန်ကျယ်ပြောပါတယ် မဟုတ်ရင်ဒီလောက်လူအများကြီးကို ဆံ့နိုင်မှာမဟုတ်ပါဘူး

    ရန်ဟွမ်တက္ကသိုလ်စာမေးပွဲဝင်ရောက်ဖြေဆိုသူတွေက များပေမယ့် အများစုကကိုယ့်မြို့နယ်အလိုက် အုပ်စုလေးတွေဖွဲ့ပြီးအသီးသီး စုဝေးနေကြပါတယ်
  
    အုပ်စုတစ်ဖွဲ့စီရဲ့အရှေ့မှာ စားပွဲခုံတွေကိုအစဥ်အတိုင်းခင်းထားပြီး စားပွဲပေါ်မှာတော့အရသာရှိတဲ့အစားစာတွေနဲ့ ရနံ့မွှေးကြိုင်တဲ့သောက်စရာများစွာကို ခင်းကျင်းထားပါတယ်

    စားသောက်ပွဲမှာရှိတဲ့အစားအစာတွေကို စာမေးပွဲဖြေဆိုသူတွေက ကိုယ့်ပန်းကန်နဲ့ကိုယ် ကြိုက်တာထည့်စားလို့ရပါတယ်
 
    "ရန်ကျိုးဒေသတစ်ခုလုံးမှာ ရန်ဟွမ်တက္ကသိုလ်စာမေးပွဲဝင်ဖြေတဲ့သူ ဒီလောက်နည်းမယ်လို့မထင်ထားဘူး " ရှပင် ကြက်ပေါင်တစ်ခုကိုတကျွက်ကျွက်နဲ့ကိုက်စားပြီး ပတ်ပတ်လည်ကိုစိတ်ကြိုက်ကြည့်လိုက်ပါတယ်

    ရန်ကျိုးပြည်နယ်တစ်ခုလုံးက မြို့ပေါင်းတစ်ရာကျော်မှာ အယောက်၁၀၀၀၀ကျော်လောက်ဘဲ စာမေးပွဲဝင်ဖြေတာက တကယ်ကိုနည်းပါတယ်

   "တကယ်ဘဲ နည်းတာတော့အမှန်ဘဲ ဘာလို့လဲဆိုတော့ရန်ဟွမ်တက္ကသိုလ်စာမေးပွဲက အရမ်းအန္တရာယ်များပြီး သေဆုံးနိုင်ချေက၅၀%အထက်ရှိတော့ ကျောင်းသားအများအပြား တွန့်ဆုတ်ပြီးဝင်မပြိုင်ရဲကြတော့ဘူးလေ" ဂျန်းရရူကလည်းလင်ဗန်းတစ်ချက်ကိုကိုင်ပြီး အနီးကစားစရာတွေကောက်ထည့်ရင်း ပြောလိုက်တယ်

    "ဟမ့် သတ္တိမရှိတဲ့ငကြောက်အုပ်စုတွေ" ချူရွန်းကလည်း သီးစုံရေခွဲ့မုန်တစ်ခွက်ကိုစားပြီး ကျေနပ်ကာ "သေချာကြည့်လိုက်လေ တခြားစာမေးပွဲဖြေဆိုသူတွေလည်း ငါတို့နဲ့ဘာမှမခြားသလို ခွန်အားလဲသိပ်မကွာဘူး"

God level demon(201-ongoing)Where stories live. Discover now