214

428 57 0
                                    

Uni
======
အပိုင်း (၂၁၄)   သတ္တိရှိရင် တစ်ယောက်ချင်းချမယ်

    "ရှပ် ရှပ် ရှပ်"
     စွန့်ပစ်ဂိုထောင် တစ်ခုလုံးကိုရာဇဝတ်ဂိုဏ်းကြီးသုံးခုကလူတွေက ပတ်ပတ်လည် ရေတစ်စက် ယင်ကောင်တစ်ကောင်မှထွက်သွားလို့မရအောင် ဝိုင်းလိုက်ပါတယ်

     အဲ့လိုနဲ့ ရှပင်ကဒီလူတစ်အုပ်ဝိုင်းတာကိုခံလိုက်ရပါတယ်

    ဒီမြေအောက်ဂိုဏ်းသားတွေက ဆာလောင်နေတဲ့မြေခွေးသဖွယ် ကျားကသားကောင်ကိုချောင်းမြောင်းနေသလိုမျိုး ရှပင်ကိုခုန်အုပ်ပြီးကိုက်ဖြဲဖို့ပြင်နေကြပါတယ်

    "မင်းတို့တွေ အရမ်းလွန်သွားပြီ"
    ရှပင်က ပတ်လည်ကလူတွေကိုကြောက်ကြောက်နဲ့ကြည့်ကာ "မင်းတို့ကောင်တွေလူအုပ်ကြီးအားကိုးပြီး ငါ့ကိုအနိုင်ကျင့်ချင်တာ သူရဲကောင်းစိတ်ဓာတ်မရှိဘူး သတ္တိရှိရင်တစ်ယောက်ချင်း အချီ၃၀၀ဖိုက်ရအောင်"

    "ယီးကိုတစ်ယောက်ချင်းချပါလား"
     ဂိုဏ်းစတားတစ်ယောက်က ထခုန်ပြီးအော်လိုက်တယ် "ငါတို့တွေက လူအုပ်ကြီးနဲ့တစ်ယောက်တည်းကိုအနိုင်ကျင့်တယ်ပေါ့လေ မင်းလိုအရှက်မရှိတဲ့ကောင်နဲ့ရင်ဆိုင်ဖို့ နောက်ထပ်လူများများလိုလဲ ဘာပြသနာမှမရှိဘူး"

    "မင်းငါတို့နဲ့ တစ်ယောက်ချင်းတိုက်ဖို့တွေးရဲတာ အကြံကောင်းဘဲ" 

    "ငါတို့လူတွေအများကြီးကို သတ်ပြီးမှငါတို့ကို ကိုယ်ကျင့်တရားနဲ့ တရားမျှတမှုအကြောင်းလာပြောပြီး အရူးလုပ်ချင်သေးတာလား"

    "ဒါရုပ်ရှင်ရိုက်နေတာမဟုတ်ဘူး အမှန်တရားကွ ရူးသလိုကြောင်သလိုလုပ်မနေနဲ့"

     "တစ်ယောက်ချင်းတိုက်ချင်လည်းရတယ် မင်းတစ်ယောက်နဲ့ ငါတို့တစ်အုပ်တစ်ယောက်ချင်းချမယ် သတ္တိရှိရင်လာလေ ငါတို့မင်းကိုမသတ်ဘူးလို့အာမခံတယ်"

    နောက်ဆုံးဒီသေနာမျိုးမစစ်ကောင်ကိုဖမ်းမိသွားတာကြောင့် မြေအောက်ဂိုဏ်းသားတွေကသူတို့ကိိုယ်သူတို့ဂုဏ်ယူမောက်မာသွားကြပါတယ် အရင်ကဒီကောင်လုပ်ခဲ့တဲ့ကိစ္စတွေကိုစဥ်းစားမိရင် ဒီကောင့်ကိုသူတို့တွေချက်ချင်းညှစ်သတ်ပစ်ချင်နေပါတယ်

God level demon(201-ongoing)Where stories live. Discover now