228

415 56 2
                                    

Uni
=======
အပိုင်း (၂၂၈)   သူများကိစ္စတွေဝင်မပါနဲ့

    ထိရန်ရှုရီမြို့က အထက်တန်းလွှာမိသားစုလူငယ်တွေကလည်း ဟွာမြို့တော်ကစာမေးပွဲဖြေဆိုသူတွေရောက်လာတာကိုတွေ့တာနဲ့ တစ်ယောက်ချင်းစီ စိတ်လှုပ်ရှားသွားကြတယ်
   
    "ဒီလူတွေက ကျင်းဟွာမြို့တော်အကြီးအကဲတွေရဲ့ မျိုးဆက်တွေဘဲ တစ်ယောက်ချင်းစီက နောက်ခံအသိုင်းဝိုင်းနက်ရှိုင်းတဲ့ အထက်တန်းလွှာမိသားစုတွေကဘဲ"

    "ဒီဟွာမြို့တော်က ပါရမီရှင်တွေနဲ့သိကျွမ်းနိုင်ရင် ငါတို့စာမေးပွဲအတွက် အကျိုးရှိနိုင်တယ်"

   "အမှန်ဘဲ ဒီလူတွေကိုမျက်နှာချိုသွေးပြီး ငါတို့ကို မေးပွဲအတွင်းမှာစောင့်ရှောက်ပေးဖို့ပြောလို့ရတယ် အဲ့လိုဆိုရင်ငါတို့တွေစမ်းသပ်မှုကိုကျော်ဖြတ်ဖို့အခွင့်အရေးပိုများလာနိုင်တယ်"

    "တကယ်လို့ တစ်ဖက်လူရဲ့ခင်မင်မှုကိုရရင် ငါတို့မျိုးနွယ်စုတွေအတွက်လည်း အကျိုးအမြတ်ကြီးတွေရနိုင်တယ် ဒီလိုအထက်တန်းလွှာမိသားစုကြီးတွေက နည်းနည်းလောက်စွန့်ကြဲပေးလိုက်ရင် ငါတို့မျိုးနွဟ်စုလေးတွေအတွက် စားလို့မကုန်တော့ဘူး"

    ထိရန်ရှုရီမြို့ရဲ့ အထက်တန်းလွှာမိသားစုလူငယ်တွေကလည်း သူတို့ရဲ့စိတ်ကူးစိတ်သန်းတွေကို အချင်းချင်းပြောဆိုလိုက်ကြတယ်

    "အတူတူသွားရအောင် ဟွာမြို့တော်ရဲ့ပါရမီရှင်တွေကို သိခွင့်ရတာကောင်းတဲ့ကိစ္စဘဲ" ဒီအထက်တန်းလွှာမိသားစုလူငယ်တွေရဲ့ခေါင်းဆောင်ဖြစ်တဲ့ချင်းမုယန်က လူတစ်အုပ်ကိုဦးဆောင်းပြီးခေါ်သွားလိုက်တယ်

     "ငါလည်းသွားလိုက်အုံးမယ် ဒါကကျင့်ဝတ်ဆိုတော့" နန်ဂုန်ဝူကလည်း သူမပါသွားမယ်လို့ပြောလိုက်တယ် ဘာဘဲဖြစ်ဖြစ်နန်ဂုန်မိသားစုရဲ့ စီးပွားရေးတွေက ဟွာမြို့တော်အထက်တန်းလွှာမိသားစုတွေနဲ့ ဆက်ဆံရေးရှိပါတယ်

    အကယ်၍သူမသွားမနှုတ်ဆက်လို့ ဟွာမြို့တော်အကြီးအကဲတွေသိသွားရင် နန်ဂုန်မိသားစုအတွက်လည်း အကျိုးသက်ရောက်မှုကြီးတွေရှိနိုင်ပါတယ်

God level demon(201-ongoing)Where stories live. Discover now